S2, Part 16

235 25 2
                                    

" Have an enjoy trip .. thank you .. " ဆိုတဲ့ လေယာဉ်မယ်ရဲ့
အသံအဆုံးမှာ အိပ်မှုန်စုံမွှားနဲ့ထလာတဲ့ကလေး .. လက်မှာ go pro
ကိုင် .. လည်ပင်းမှာ ကင်မရာချိတ်ပြီး အားရပါးရအိပ်နိုင်တာ ဒီက
လေးပဲ ရှိမယ်ထင်ပါရဲ့ .. ၄၅ မိနစ်စာလောက်ခရီးကို ရအောင် ခွေ
ခေါက်အိပ်တဲ့ ကလေးက ညက စားပြီး သောက်ပြီး တန်းအိပ်ရတာအရမ်းပင်ပန်းသွားရှာတာကိုးး ..

" ရောက်ပြီလားး .. မြန်လိုက်တာ .. အိပ်ရေးတောင်မဝသေးဘူး ..
ဝှါးးးးးးးး .. "

တွေ့လားး ? သူ တအားပင်ပန်းလို့ ကလေးခမျာ အိပ်ရေးတောင်
မဝရှာ ..

" Mr. Wu Yi Fan shii .. ကျနော်တို့ အခု ဒီကနေ ဟိုတယ် တန်း
သွားပြီး တစ်နာရီလောက် အနားယူပြီးမှ သွားရမဲ့နေရာသွားဖို့
ကျနော် လာခေါ်ပါ့မယ် .. အခုတော့ ဟိုတယ်ကို အရင်သွားကြ
မှာမို့ ကျနော့်နောက်က လိုက်ခဲ့ပေးပါ .. "

guide ခေါ်ရာနောက်လိုက်ရတာ တစ်မျိုးး .. တွေ့သမျှ ဓာတ်ဖမ်း
ချင်နေတဲ့ကလေးကို ဆွဲရတာ တစ်မျိုးနဲ့မို့ သူ့မှာ ဟော်တယ် ဘယ်
လိုရောက်လာမှန်းတောင်မသိလိုက် .. ဒါတောင် guide ကို အချိန်
ဘယ်လောက်ကြာကြာ ကိစ္စမရှိ .. ဓာတ်ပုံရိုက်ဖို့ အဓိက လာတာလို့
ပြောထားတာမို့သာ တော်သေးး ..

~~~~~~~~~~~~~~~~~~~~~~~~~

" ဝှါးးးး .. ဒီဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်နေတဲ့ပင်လယ်ပေါ့ ..
daebak ~~ ကျေးဇူးတင်တယ်နော် guide hyung .. ကျနော်
တော့ နေဝင်ချိန်လှလှလေး ရတော့မယ် .. "

ပထမဆုံး ခေါ်လာခဲ့တဲ့နေရာက စစ်တွေရောက်ရင် သွားစရာရှိတဲ့
အနည်းငယ်ထဲကမှ စစ်တွေဗျုးပ္ပိုင့်ကို ရောက်နေခြင်းပါ .. နေဝင်ချိန်
က တကယ့်ကို ခဏလေးဆိုပေမဲ့လို့ gloden hour ဆိုပြီး ဓာတ်ပုံ
ဆရာတွေခေါ်လေ့ရှိတဲ့ နေဝင်ချိန်မှာ သူ့လက်စွမ်းတွေ ထုတ်ပြခွင့်
ရလို့ ပျော်နေတဲ့ကလေးး .. ကျောက်ဆောင်တွေရှမှာ စိတ်ပူမိပေမဲ့
သူ့ဟာနဲ့သူ ဈာန်ဝင်နေတော့လည်း မတားမိတော့ .. သတိတော့
လှမ်းပေးနေပေမဲ့ပေါ့လေ .. ဖိနပ်စီးထားရင် ချော်တယ်ဆိုပြီး သူ့ကို
ဖိနပ်ထိုးပေးပြီး guide ကို ဘေးခေါ်ထားပြီး တတွတ်တွတ်နဲ့ ဟိုမေး
ဒီမေး မေးနေပုံရတယ် .. Yi Fan နေဝင်ဆည်းဆာနဲ့အတူ လှနေတဲ့
ကလေးကိုကြည့်ရင်း လက်ထဲကဖုန်းနဲ့ ဓာတ်ပုံဆရာလေးကို မှတ်
တမ်းတင်ထားမိတယ် .. သိပ်လှလွန်းတဲ့ပန်းချီကားမို့လေ ..

( စစ်တွေဗျူးပ္ပိုင့်ဆိုတာ စစ်တွေမြို့မှာရှိပြီး ပင်လယ်ကို တိုက်ရိုက်
မြင်ရတယ် .. ဘင်္ဂလားပင်လယ်အော်နဲ့ စစ်တွေပင်လယ် တိုက်ရိုက်
ဆက်တဲ့နေရာလို့ ပြောကြတာပဲ .. အရင်ကတော့ ဘာမှသိပ်မရှိပေမဲ့ အခုနောက်ပိုင်းပြင်ဆင်မွမ်းမံထားလို့ ညဘက်ဆိုလည်း မီးတွေထိန်
ထိန်လင်းနဲ့ လျှောက်လမ်းမှာလည်း မီးရောင်စုံလေးတွေနဲ့ အတော်
လှသွားပါပြီ .. မျှော်စင်တစ်ခုရှိပြီး အဲ့မျှော်စင်ပေါ်တက်ကြည့်ရင် ဟိုးး
ခပ်လှမ်းလှမ်းမှာရှိတဲ့ကျောက်ဖြူမီးပြတိုက်ကို ပြပြလေးလှမ်းမြင်ရ
တယ် .. ပြီးကျ ကမ်းခြေအစပ်နားထိ အဖီလေးလိုထုတ်ပေးထားလို့
အဲ့နားကနေ ပင်လယ်လှိုင်းတွေ တဝကြည့်လို့ရတယ် .. မိုးတွင်း
လှိုင်းကြီးတဲ့အချိန်ဆို အဲ့စင်နားသွားနေမိရင် လှိုင်းက အတော်မြင့်
တဲ့ထိတက်လို့ အခန့်မသင့်ရင် လှိုင်းပုတ်လို့ ပြုတ်ကျသွားနိုင်တဲ့အထိ
လှိုင်းကြီးတတ်ပါတယ် .. စစ်တွေကမ်းခြေကလည်း ငပလီတို့
ငွေဆောင်တို့လို ရေဆော့လို့ရပေမဲ့ သဲဆွဲလို့ ( ရပ်နေရင်းကနေ လှိုင်း
ပြန်ကျသွားတဲ့အခါ ကိုယ့်ခြေထောက်အောက်ကနေ သဲတွေရွေ့ ရွေ့
သွားတတ်လို့ သဲထဲ ခြေထောက်နစ်မှန်းမသိ နစ်သွားတာမျိုးး ~~
သတိထားမိတဲ့အချိန်ကျ ခြေထောက်က သဲထဲအတော်နစ်နေပြီး
ရုန်းမရတော့လို့ ပင်လယ်ထဲ ဆွဲချခံရသလိုဖြစ်တာ ) အပန်းဖြေ
ကမ်းခြေအဖြစ် မလုပ်တာပါ .. ဒါပေမဲ့ နွေရာသီလိုမျိုးး .. သင်္ကြန်လို
ပွဲတော်တွေရှိတဲ့ရက်မျိုးဆို ကမ်းခြေမှာ လူစည်တတ်ပါတယ် .. ဗျူး
ပ္ပိုင့်သွားတဲ့လမ်းတစ်လျှောက်လည်း ထိုင်စရာခုံလေးတွေနဲ့ အပန်း
ဖြေစရာလို လုပ်ပေးထားလို့ အဲ့ခုံလေးတွေမှာထိုင်ရင်း အပန်းဖြေလို့
ရပါသေးတယ် ( အတွဲတွေထိုင်တာများတယ် ~~ အဟိ ) ..

" လူကြီးးး .. ပျင်းနေပြီလားး ~~ ဟီးးး .. ကျနော့်ကို model လုပ်
ပေးမလားး ? လူကြီးနဲ့ ဒီလိုမှောင်ရိပ်သန်းနေနဲ့အချိန်လေးနဲ့ဆို ဓာတ်
ဖမ်းလိုက်ရရင် ရှယ်ပဲနေမှာ ~~ အဟဲ .. "

အနားလာပြီး စပ်ဖြဲဖြဲလုပ်ပြနေတဲ့ကလေးး .. အဲ့တော့လည်း ဒီလူက
သူ့အလိုကျပေါ့ .. တစ်ပြားမှမရတဲ့ အချစ်ဗော်လန်တီယာလေး လုပ်
ရတော့တာပဲ ..

————————

noti တက်သွားစေရင် တောင်းပန်ပါတယ် .. update လေးဆိုပြီး
တစ်ယောက်လာပြောလို့ ပြန်ရေးဖို့ အစလေးတင်မိပါတယ် .. ဟီးး ..

MY ANSWER IS YOUWhere stories live. Discover now