My Answer Is You ( S2, Part 10 )

985 113 9
                                    

Yi Fan တစ်ယောက် သူအလုပ်လုပ်နေတုန်း စားပွဲပေါ်ကို
ရုတ်တရက် ကြဲချခံလိုက်ရတဲ့ဓာတ်ပုံတွေနဲ့အတူ သူ့ကို
မုန်းတီးစွာစိုက်ကြည့်နေသောချာတိတ် ..

" ဒါ ဘာတွေလဲ ? ဟမ် !! ဒါ ဘာတွေလဲလို့ ?? ခင်ဗျား
ဒီတစ်ခါ ကျနော့်ကို ထားခဲ့တာ ဒါတွေကြောင့်ပေါ့လေ ?
ဟုတ်လား ?? ဖြေစမ်းပါလို့ Wu Yi Fan ရဲ့ .. ခင်ဗျားပြော
တော့ အလုပ်ကိစ္စပါဆို .. ဒီမိန်းမနဲ့ ဖြစ်ချင်တိုင်းဖြစ်နေရ
အောင် ဒါက ခင်ဗျားပြောတဲ့ ခင်ဗျားအလုပ်လားလို့ Wu
Yi Fan ကြီးရဲ့ .. ကျနော့်မှာတော့ အရူးကြီးလိုပဲ .. ဒီမိန်းမ
နဲ့ ခင်ဗျားသာယာနေတဲ့အချိန် ကျနော်ကတော့ လွမ်းနေ
လိုက်ရတာ .. ပြောမရဘူး .. ကျနော့်ကို ဖုန်းဆက်ပြီး လွမ်း
တယ်ပြောနေတဲ့အချိန်တောင် ဒီမိန်းမက ခင်ဗျားရင်ခွင်ထဲ
ရှိရင် ရှိနေမှာ .. ခင်ဗျားကို မုန်းတယ် Wu Yi Fan !!! "

" မ .. မဟုတ် .. ကျစ် !! ဟာကွာ !!!!!! "

သူ ရှင်းပြဖို့ကြိုးစားတုန်းမှာပဲ ချာတိတ်က အပြင်ရောက်သွား
လေပြီ .. စီးပွားပြိုင်တွေက လုပ်ကြံမှန်းသိနေပေမဲ့ ဒီတစ်ခါ
ကတော့ အောက်တန်းကျလွန်းလှသည် .. ကုမ္မဏီကို ထိ
ခိုက်အောင်လုပ်နိုင်မှာမဟုတ်မှန်းသိတော့ သူမြတ်နိုးလွန်း
လှပါသည်ဆိုသောချာတိတ်ကို ပစ်မှတ်ထားလိုက်ကြခြင်း
ဖြစ်ပါလိမ့်မည် ..

ချက်ချင်း အတွင်းရေးမှူးဆီ ဖုန်းဆက်ပြီး ဖြေရှင်းဖို့ ညွှန်
ကြားချက်တွေ တရစပ်ထုတ်ပြီး သူ့ကို မုန်းတယ်လို့ပြော
သွားတဲ့ချာတိတ်နောက်ကို အမှီလိုက်ရလေတော့သည် ..
ဒီချာတိတ်အကြောင်း သူသိသည် .. ဒီတစ်ခါ သူ့ကို ဒီ
ချာတိတ် တူးတူးခါခါးကို မုန်းသွားလိမ့်မည် .. သူကလွဲလို့
အခြားသူတွေကို မျက်လုံးနဲ့ဝေ့ကြည့်တာတောင်မကြိုက်တဲ့
ချာတိတ် .. အခုလို အခြားမိန်းမတစ်ယောက်နဲ့တွဲတွေ့သွား
တာမျိုးကို ဘယ်လိုမှ သည်းခံနိုင်မယ်မဟုတ်မှန်း သူ သိ
ထားပါတယ်လေ ..

ထိုအခိုက် သူမကြိုက်ပါဘူးလို့ တားခဲ့ဖူးတဲ့ သူ့ပြိုင်ကားကို
ခြံထဲကနေ အရှိန်ကုန်တင်ကာ ထွက်သွားတဲ့ချာတိတ် ..
စိတ်မချမှန်းသိလို့ တမင်လုပ်သွားတဲ့ချာတိတ်ကို အပြစ်
တော့ မတင်ရက်ပါလေ .. အမှန်မသိသေးတဲ့ကိစ္စတစ်ခုမှာ
ချာတိတ်လေး ဘယ်လောက်တောင် ခံစားသွားရရှာလေ
မလဲ ? သူ့လို ငြိမ်နေတဲ့နဂါးတစ်ကောင်ကိုလာစတာမျိုးကို
သူက ခေါင်းငုံ့ခံနေမတဲ့လား ? စောင့်ကြည့်လိုက်စမ်းပါ ..
ကျုပ် စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ခင်ဗျားတို့ ..
မနက်ဖြန်တွေ ဘာဆက်ဖြစ်မလဲလို့ ?

MY ANSWER IS YOUTempat cerita menjadi hidup. Temukan sekarang