သူ့အတွက် ကိုယ့်ရဲ့တမ်းချင်း

592 35 0
                                    

ကိုယ်ဟာ

မင်းနဲ့ပေါင်းဖက်ဖို့ အကြောင်းမပါခဲ့ဘူးဆိုရင်တောင် ..

မင်းကို သိပ်ချစ်လွန်းလို့ အခြားသူလက်ထဲပါသွားမှာ သေမလောက်ကြောက်နေခဲ့တယ်ဆိုရင်တောင် ..

မင်းကို တစ်ပါးသူနဲ့ပျော်နေတာတွေ့ရလို့ သွေးပျက်မတတ် ခြောက်ခြားမိတယ်ဆိုရင်တောင် ..

မင်းကို ကိုယ်မပိုင်ဆိုင်ရပဲ တစ်ပါးသူပိုင်ဆိုင်သွားမယ်ဆိုတဲ့အတွေး, တွေးမိတိုင်း မင်းကို ကိုယ့်ကမ္ဘာလေးမှာပဲ အကျဉ်းကျထားချင်စိတ်တွေဖြစ်တယ်ဆိုရင်
တောင် ..

မင်းကို ဘယ်သူမှမပိုင်စေရဆိုတဲ့ကျိန်စာတိုက်ချင်
တယ်ဆိုရင်တောင် ..

အဆုံးစွန်ဆုံး ကိုယ်ပိုင်ဆိုင်ခွင့်မရတဲ့မင်းကို အခြားသူ
ပိုင်ဆိုင်သွားမှာ စိုးထိတ်လွန်းလို့ ခြောက်ခြားခဲ့ရတဲ့ နေ့တွေ ညတွေများနေတာတောင် ..

ကိုယ်ဟာ မင်းပျော်နေရင် အရူးလိုပဲ ပြုံးရယ်နေခဲ့ဖူး
တယ် ..

ကိုယ်ဟာ မင်းရဲ့အောင်မြင်မှုတွေအားလုံးကို အရူး
တစ်ယောက်လို အရမ်းပျော်ပြီး ဂုဏ်ယူနေခဲ့ဖူးတယ် ..

ကိုယ်ဟာ မင်း ထိခိုက်ဒဏ်ရာသေးသေးလေးမဆို
ထားနဲ့ .. မင်းမျက်နှာလေးညှိုးနေရင်တောင် ကိုယ့်
ကမ္ဘာပျက်မတတ် ဝမ်းနည်း စိတ်ပူခဲ့ရဖူးတယ် ..

ကိုယ့်ကမ္ဘာဟာ မင်းအကြောင်းတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ် ..

ကိုယ် မင်းကို သိပ်ချစ်ပါတယ် .. ချစ်လွန်းလို့လည်း
အတ္တတွေဟာ အတိုင်းဆမရှိ ကြီးခဲ့ဖူးပါတယ် .. မင်း
အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့အထိ ရူးသွပ်စွာ
ချစ်ပါတယ် ..

ချစ်တာဟာ ပိုင်ဆိုင်ရမှဆို ကိုယ် မင်းကို ချစ်ရာ
ရောက်ပါတော့မလားကွယ် .. ကိုယ်ဟာ ပိုင်ဆိုင်လိုမှုကင်းစွာနဲ့ ချစ်ပါတယ် ..

မင်းကို တစ်ပါးသူပိုင်ဆိုင်သွားမှာ သေမတတ်ကြောက်ပေမဲ့ .. တစ်ပါးသူကြောင့် မင်း ပြုံးရယ်နေမှာကို သေမတတ်ကြောက်ပေမဲ့ .. မင်း ပြုံးနေ ပျော်နေတယ်ဆို ကိုယ်ဟာ အရူးလိုပဲ ရင်အကွဲခံပြီး လိုက်ရယ်
လိုက်ပျော်ပေးဖို့လည်း ဝန်လေးမယ်မဟုတ်ဘူးထင်
ပါရဲ့ ..

MY ANSWER IS YOUWhere stories live. Discover now