My Answer Is You ( S2, Part 11 )

779 93 5
                                    

" တော်စမ်းပါ လူကြီးရယ် .. ခင်ဗျားပြောတော့ မနက်ဖြန်
နေ့ခင်းအထိပါပဲဆို .. အခု ညနေတောင်ရောက်နေပြီလေ ..
Hk Hk .. ခင်ဗျားသက်သေပြနိုင်လိမ့်မယ်လို့ ထင်မှတ်မှား
မိတဲ့ကျနော်ကိုက ရူးတာပါ .. ချစ်လွန်းရင် အမျက်ကြီးတယ်
တဲ့ Yi Fan !! ခင်ဗျား အဲ့ဒါကိုမှတ်ထား .. ဒီတစ်သက်
ခင်ဗျား ကျနော့်ရှေ့ပေါ်မလာပါနဲ့ .. ကျနော့်ဘဝထဲမှာ
ခင်ဗျားက သေလူပဲ .. ခင်ဗျားကို ကျနော့်ဘဝနဲ့ရင်းပြီးကို
မုန်းတယ် .. မုန်းတယ်လို့ Wu Yi Fan !! "

Yi Fan တစ်ယောက် အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာသည့်
တိုင် အိပ်မက်ထဲမှာ သူ့ကို နာကျည်းမုန်းတီးစွာ ခါးခါးသီး
သီးအော်ဟစ်နေသည့် ချာတိတ်ပုံစံက သူ့အတွေးထဲ
တဝဲလည်လည် .. ချာတိတ်ကတော့ အပူပင်ကင်းစွာ
အိပ်မောကျလို့လေ ..

သူ ချာတိတ်ဘေးနားသွားထိုင်ချလိုက်ရင်း ချာတိတ်မျက်နှာ
လေးကို တစိမ့်စိမ့်ထိုင်ကြည့်မိသည် .. မျက်တောင်စိပ်စိပ်
လေးတွေပိတ်ကာထားတဲ့အောက်က မျက်ဝန်းဝိုင်းဝိုင်း
လေးတွေ .. အလိုမကျတာရှိရင် စူထွက်လာတတ်တဲ့နှုတ်
ခမ်းပါးနီရဲရဲလေး .. သူ ချာတိတ်ရဲ့ဖြစ်တည်မှုမှန်သမျှကို
မြတ်နိုးလှပါသည် .. သူ့ရဲ့ကမ္ဘာမှာ ကျန်တာမရှိလို့ဖြစ်ရင်
တောင် ချာတိတ်မရှိလို့တော့မဖြစ် .. ခန္ဓာကိုယ်ထဲကသွေး
တွေအကုန် ပြောင်းပြန်စီးဆင်းသွားပါစေဦး .. ချာတိတ်အ
တွက် ဘာမဆို သူပေးဆပ်ရဲသည် .. ထိုအတွက် ပြန်လိုချင်
သည်က ချာတိတ်ရဲ့ဖြူဖြူစင်စင်အပြုံးလေးများသာ .. သူ့
ကို Yi Fan လို့ခေါ်လိုက်တိုင်း နှလုံးသားထဲအထိ နွေးထွေး
သွားရတာ .. ချာတိတ်ပြုံးလိုက်တိုင်း ကိုယ့်ရင်ထဲ လိပ်ပြာ
တွေဖြတ်ပြေးသွားတတ်တာ .. ကိုယ် မင်းကိုသိပ်ချစ်ပါ
တယ် ကလေးရယ် ..

ထိုအခိုက် တစ်ရေးနိုးလာပုံထောက်သောချာတိတ်က လူး
လွန့်ကာနိုးလာလေသည် .. မအိပ်ပဲ သူ့ကိုထိုင်ကြည့်နေတဲ့
ကျနော့်ကိုမြင်တော့ အံ့အားသင့်သွားပုံရကာ ပြူးကြောင်
ကြောင်လေးနဲ့ မေးလာလေရဲ့ ..

" မအိပ်ပဲ ဘာလုပ်နေတာလဲ ? "

" ကိုယ် ချာတိတ်ကို အလွတ်ရအောင်မှတ်နေတာလေ .. ဖြူ
စင်လွန်းတဲ့ကလေးကို အရောင်ဆိုးခဲ့မိသလားလို့လည်း တွေး
မိနေတာ .. ကိုယ်သာ ချာတိတ်ကို ကိုယ့်ဘဝထဲဆွဲမသွင်း
ခဲ့ပဲ အဝေးကနေပဲ မျှော်ကြည့်နေခဲ့ရင် ဒီလိုတွေ ငိုရမှာမ
ဟုတ်ဘူးလို့ .. ကိုယ် ချာတိတ်ငိုတာကိုမြင်နေရတာထက်
ကိုယ့်ရင်ကို တစ်စစီဆွဲဖြဲတာကမှ ခံသာဦးမယ် .. ချစ်လွန်း
လို့ တယုတယမြတ်နိုးခဲ့တဲ့ကလေးကို ထိခိုက်အောင်လုပ်
တဲ့သူမှန်သမျှကို သတ်ပစ်ချင်လောက်အောင်ကို ခါးခါးသီး
သီးမုန်းတာ .. ကိုယ် စဉ်းစားနေတာ .. ချာတိတ်ကို ကိုယ်
သက်သေပြပြီးရင် ကွာရှင်းပေးမယ်လို့ .. ကိုယ့်အနားမှာ
ဒီလိုနာကျင်နေရတာထက် ကိုယ့်အရိပ်အောက်ကရုန်း
ထွက်ပြီး ပျော်ရွှင်မယ်ဆို ကိုယ်ကျေနပ်နိုင်ပါတယ် ကလေး
ရယ် .. အဝေးကနေပဲ ငေးးကြည့်ရမယ်ဆိုရင်တောင် ကိုယ့်
မှာ ချာတိတ်ကို မြင်နေခွင့်လေးရှိမယ်ဆိုရင်တောင် ကျေနပ်
နေမှာပါ .. "

" ခင်ဗျားက အခုကျ ဒီလိုတွေပြောပြီပေါ့ .. အဟက် .. ရိုး
လွန်းပါတယ် Wu Yi Fan ရယ် .. ကွာရှင်းပေးစေချင်လည်း
ကွာရှင်းပေးပါလို့ ရိုးရိုးသားသားပြောလိုက်စမ်းပါဗျ .. ဒီလို
Twist တွေ လုပ်စရာမလိုပါဘူး .. ကွာရှင်းစာချုပ်သာ
အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက် .. မနက်ဖြန်ကျ တရား
ရုံးမှာတွေ့ကြတာပေါ့ .. ဆယ့်တစ်နာရီအရောက်လာခဲ့ .. "

ထိုသို့ပြောကာ အနွေးထည်ကောက်ဆွဲပြီး ထွက်သွားတဲ့ချာ
တိတ် .. အဖြစ်ပျက်တွေက မြန်ဆန်လွန်းလို့ သူ သတိပြန်
ဝင်လာတဲ့အချိန်မှာတော့ ကားသံသဲ့သဲ့က သူ့နားထဲဝင်
လာတာမို့ အပြေးအလွှား ဝရံတာကထွက်ကြည့်လိုက်
တော့ ချာတိတ်ကားရဲ့နောက်မီးမှိန်ပြပြလေးကိုသာ မြင်ရ
တော့တာကြောင့် နံရံကိုအားပြုကာထိုင်ချလိုက်ရင်း မုန်းတီး
လှပါသည်ဆိုသောမျက်ရည်တို့က တစ်လိမ့်ချင်း တစ်လိမ့်
ချင်းကျကာ အသံမထွက်ပဲ တိတ်ဆိတ်စွာ ငိုကြွေးနေမိ
တယ် ..

ကိုယ် ဘယ်လိုတွေခံစားရတယ်ဆိုတာ မင်းအသိဆုံးပါ
ချာတိတ်ရယ် .. ဘယ်အငြိုးတွေနဲ့များ ဒီလိုပြောထွက်ရ
တာလဲ ? ကိုယ်တို့ကြား ကြားလေသွေးမှာတောင်စိုးထိတ်
နေတဲ့ကိုယ်က မင်းကို ကွာရှင်းပေးရမယ်တဲ့လား ? မဖြစ်
လာနိုင်တာတွေလို့ တွေးထားခဲ့သမျှက ဖြစ်လာခဲ့ပြီလား ?

မဖြစ်နိုင်တာ ချာတိတ်ရယ် .. ကိုယ်ဆိုတဲ့ကောင်က သေ
တာတောင် မင်းနားမှာ ဝိညာဉ်အဖြစ်နဲ့ တွယ်ကပ်နေဦးမဲ့
ကောင် ..........

ဟဲ ဟဲ .. ကျနော့်ကို ဒိတ်ဖို့လာပြောတဲ့သူ ရှားရှားပါးပါး
နှစ်ယောက်တောင်ဗျ .. ဒီကလည်း အပျင်းတစ်နေတာက
တစ်ကြောင်း .. တစ်ချိန်လုံး ဇာတ်လမ်းက မရှည် ရှည်
အောင်ဆွဲ့ဆန့်ထားမိတယ်လို့ ခံစားရတာက တစ်ခု .. အ
ရှေ့ပိုင်းတွေမှာက မဟားတရားဆွိထားတာမို့ ဖတ်ရတာ
ပျင်းဖို့ကောင်းနေတာက တစ်ဖုံ .. ထိုထိုသောအကြောင်း
တွေကြောင့် ရေးဖို့ကို လက်တွန့်နေတာ .. အခုတော့ တင်
လိုက်ပြီဗျာ .. မကောင်းတာလေးလွဲလို့ပေါ့လေ 😁 ..

1.2.2017 ( Wed )
1318 words

MY ANSWER IS YOUWhere stories live. Discover now