...........

562 46 5
                                    

ကိုယ် အတ္တတွေကြီးခဲ့မိတယ် ကလေးရေ .. မင်းကို အရာရာမှာ ထူး
ချွန်ပြီးတော်တဲ့သူအဖြစ်နဲ့ပဲ မြင်ချင်ခဲ့တာ .. ကိုယ့်ကလေးဟာ ဘယ်လိုတော်ကြောင်းး .. leader ကောင်းတစ်ယောက် ဘယ်လိုပီသကြောင်းး .. အစရှိသဖြင့် ကိုယ် ကြွားချင်ခဲ့မိတာပေါ့ ..

ကိစ္စအကြီးကြီးတစ်ခုကြုံတွေ့ခံစားလိုက်ရတဲ့နောက် ကိုယ့်အတွေး
တွေဟာ အရင်ကနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားခဲ့ရတယ် ..

မင်းချစ်တဲ့သူတွေကို အချိန်ပေးပါ .. အားလပ်ရက်တွေမှာ နေပျော်သလိုနေ .. ခရီးတွေထွက်ပေးပါ .. မင်းကြိုက်တဲ့အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ပေးပါ .. ကိုယ်တို့ဘက်ကိုပဲ အမြဲတမ်းငဲ့မကြည့်ပဲ မင်းအ
တွက်မင်း တစ်ကိုယ်ကောင်းဆန်တတ်ပါစေ ကလေးရေ ..

ကိုယ်တို့ဟာ မင်းပျော်နေလည်းလိုက်ပျော်ပေးပြီး မင်းငိုနေချိန် .. မင်း အားလျော့နေချိန်တွေမှာလည်း အားအဖြစ်ရှိနေပေးမဲ့သူတွေပါ .. မင်းမလုပ်နိုင်တာတွေအတွက် အပြစ်တင်ဝေဖန်မယ်လို့လည်း မထင်လိုက်ပါနဲ့ ကလေးရေ .. မင်းဆိုတဲ့လူသားရဲ့ဖြစ်တည်မှုတစ်ခုနဲ့တင် ရှေ့ဆက်နေတဲ့လူတွေ အများကြီးရှိတယ်ဆိုတာကိုလည်း သတိရပေးပါ ..

ကိုယ်ဟာလည်း ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်သလို မင်းဟာလည်း ဗုဒ္ဓဘာသာဖြစ်နေတဲ့အတွက် ကိုယ် ဘယ်လောက်တောင် စိတ်ချမ်းသာရာရလဲဆိုတာ ကိုယ် ပြောမပြတတ်ဘူးး ကလေးး .. ကျန်တဲ့ဘာသာ
တွေဆိုရင်တောင် ကိုယ် ဘာသာရေးအယူအဆတွေမသိနိုင်တာမို့ပါ .. ကိုယ်တို့ဗုဒ္ဓဘာသာမှာ ကံ ကံရဲ့အကျိုးဆိုတာ ရှိတယ်မလားး ? မင်းလုပ်သမျှကံဟာ မင်းကိုပြန်အကျိုးပေးမှာပါ ကလေးရေ .. မင်း အခုချိန်ထိလုပ်ခဲ့သမျှအရာတွေတိုင်းဟာ ကိုယ်တို့ပြုံးပျော်ခဲ့ရတဲ့အရာတွေချည်းမို့ မင်းဆီကိုလည်း တူညီသောကံ ပဲ့တင်ပြန်ပါစေလို့ ကိုယ် ဆုတောင်းပေးရတယ် .. မင်းပျော်နေတာပဲကြည့်ချင်ပေမဲ့ မင်းငိုတဲ့အခါမှာလည်း ဒီလူက မျက်ရည်သုတ်ပေးချင်သေးးတာ ..

ကလေးရေ .. ကိုယ် အတ္တမကြီးတော့ဘူးး .. မင်း အတတ်နိုင်ဆုံးကြိုးစားသမျှတွေကို လက်ခုပ်ထိုင်တီးပေးဖို့ကလွဲပြီး ကျန်တာ မစဉ်းစား
တော့ဘူးး ကလေးရေ .. ဘာဖြစ်ရမယ် .. ညာဖြစ်ရမယ်ဆိုတဲ့သတ်
မှတ်ချက်တွေကို လွှင့်ပစ်လိုက်ပါ ကလေးး .. မင်းစိတ်ထဲရှိတဲ့အတိုင်းသာ ရှင်သန်ပါ .. ကိုယ့်ကိုယ်နဲ့ သူများစိတ်ရှင်သန်နေရတဲ့ဘဝက
နေရုန်းထွက်ပြီး ကိုယ်ပိုင်ခံစားချက်နဲ့နေနိုင်တဲ့ဘဝလေးတစ်ခုကို တည်ဆောက်ပါ ကလေးး ..

You've reached the end of published parts.

⏰ Last updated: Dec 21, 2017 ⏰

Add this story to your Library to get notified about new parts!

MY ANSWER IS YOUWhere stories live. Discover now