My Answer Is You ( S2, Part 8 )

1.1K 118 11
                                    

" ဗျာ .. ရဲ .. ရဲစခန်း .. ဟုတ် .. ဟုတ်ကဲ့ .. ကျတော်လာခဲ့ပါ
မယ်ဗျ .. "

အမယ်လေးးးး လေးးးးး .. တစ်မိုးအောက်တစ်ယောက်သာရှိ
သော သူ့ကလေးလေးက ရဲစခန်းရောက်နေသတဲ့ .. ဘာ
တွေ ဘယ်လိုဖြစ်မှန်းတောင် မတွေးတတ်တော့ .. သူ ရဲစ
ခန်းရောက်သွားတော့ ခုံတန်းတစ်ခုပေါ် ခပ်လျော့လျော့မှီ
ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ချာတိတ် .. သူ့မှာ
ချာတိတ်ဆီအပြေးသွားလိုက်ရင်း ဖြစ်ကြောင်းကုန်စင်ကို
မေးရ မြန်းရသည် ..

" ဟို .. ကျတော်က Kim Jun Myeon ရဲ့ အုပ်ထိန်းသူပါ
ခင်ဗျ .. ယောက်ျားဆိုလည်း ဟုတ်ပါတယ် .. ဒီကိစ္စမှာ
ကျတော့်ကလေးဘက်ကမှားတယ်ဆိုပေမဲ့ ဒီဘက်ကလည်း
သူ့ကို ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေဖြစ်အောင်ပြောခဲ့တယ်လို့
သိရပါတယ် .. နှစ်ဦးနှစ်ဖက်မနစ်နာရအောင် ကျေအေးပေး
ဖို့ တောင်းဆိုပါတယ် .. လျော်ကြေးပေးရမယ်ဆိုလည်း
ကျတော်မငြင်းပါဘူး .. "

သူ တောင်းပန်နေတုန်း ကလေးရဲ့အသံစူးစူးလေးက ထွက်
လာလေသည် ..

" Yi Fan !! အဲ့ကောင်ကို ဘာမှတောင်းပန်မနေနဲ့ .. လူ လူ
ချင်းအတူတူကို ကျနော့်ကို အသားလွတ်လာစော်ကားတဲ့
ကောင် .. နောက်တစ်ခါဆို အသေပါသတ်မှာ ဟျောင့် .. ငါ
တို့က gay မဟုတ်ဘူးကွ .. ချစ်မိတဲ့သူက ယောက်ျားဖြစ်နေ
ရုံကလွဲ ကျန်တဲ့ချို့ယွင်းချက် လုံးဝမရှိဘူး .. မင်း ငါထိုးတာ
ကို မကျေနပ်ဘူးလား ? ဆေးရုံတက်မလား ? လျော်ကြေး
တော့ မျှော်လင့်မနေနဲ့ .. မင်းလိုကောင်ကိုပေးမဲ့အစား ငါ့
ဟာငါ ထောင်ထဲနေပြီး အဲ့ပိုက်ဆံတွေကို အလှူလုပ်ပစ်
မယ် .. ခွေးသူတောင်းစား .. "

" က .. ကလေး .. ခဏလေးပါကွာ .. နော် .. ကိုယ် ပြေ
လည်အောင် ရှင်းပေးပါ့မယ် .. စိတ်ထိန်းပါကွာ .. "

တစ်ခါမှ ကလေးရဲ့ ဒီလိုဒေါသထွက်နေတဲ့ပုံကို မမြင်ဖူး
တာကြောင့် သူ့မှာ ကြက်သေ သေနေရလေသည် .. ဟိုတစ်
ခေါက် ကျောင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်တာခံရပါသည်ဆိုက
တည်းက ကလေးကို တိုက်ကွမ်ဒိုတက်ခိုင်းလိုက်တာက မှား
သွားပြီလားတောင်မသိ .. အခုတော့ သူက ပွန်းရာ ပဲ့ရာအ
ချို့သာရသော်လည်း တစ်ဖက်လူကတော့ ဖူးယောင် ကွဲပြဲ
နေပြီ ..

MY ANSWER IS YOUWhere stories live. Discover now