Part 14

865 77 0
                                    

" ဟင့် !! မလုပ်နဲ့ဆိုနေ .. အာ့ !! ဟား ~~~ လူကြီးနော် ..
စိတ်ဆိုးလိုက်မှာ .. "

" Hmmmm !! Baby အရမ်းစကားများလာတယ် .. မချစ်
ရတာ ကြာလှပြီလေ .. ဒီည ကိုယ်က ကလေးကို အပြည့်
အဝချစ်ပေးမှာ .. "

" အိ !!!! "

သူ့စကားအဆုံး ခေါင်းလေးပုဝင်သွားကာ ပါးပြင်ပေါ် ပန်း
သွေးရဲသွားသောကောင်ငယ်ကလေးကိုကြည့်ရင်း သူ့မှာ
မြတ်နိုးပြီးရင်း မြတ်နိုးလာရတာမို့ ပါးပြင်နှစ်ဖက်ကို အသာ
အုပ်မိုးကိုင်လိုက်သည့်တိုင်အောင် ကလေးက ခေါင်းပြန်မ
မော့လာသေး ..

ခေါင်းလေးကို အသာဆွဲမော့လိုက်ရင်း မျက်လုံးချင်းစုံစေ
လိုက်တော့ ခဏတာသာ မော့လာပြီး ပြန်ငုံ့ကျသွားတာမို့
အသည်းယားလာရကာ ကုတင်ပေါ်ဆွဲချမိတော့ လန့်သွား
တဲ့ပုံလေးနဲ့ မျက်လုံးလေးအဝိုင်းသားး .. ကလေးအပေါ်က
နေ အုပ်မိုးလိုက်ရင်း အကြည့်စူးစူးတို့ကို တမင်ပေးဖြစ်
သည် .. ဒီကလေးဟာ သူ့ရဲ့အကြည့်စူးစူးတွေဆို ကြာကြာ
တောင့်မခံနိုင်တာ သူ သိနေသည်လေ ..

" ချစ်တယ် ကလေးရယ် .. "

ရီဝေဝေအသံနောက်မှာ တင်းထားတဲ့စိတ်တို့က ဘယ်ပြေး
ကပ်သွားသလဲမသိတော့ .. ဒီလို စူးရှနေတဲ့ ညှို့မှိုင်းမှိုင်း
အကြည့်တွေ .. သြရှရှအသံရဲ့ ရီဝေနေတဲ့အသံတွေကြား
သူ အရှုံးပေးခဲ့ရတာချည်း .. သူ့အားနည်းချက်ကို ကောင်း
ကောင်းသိထားတာမို့ သူ့ကို ကလိနေတာ ဒီလူကြီးက ..

" အာာာ !! လူကြီးနော် .. ငြိမ်ငြိမ်နေဆိုနေ .. အဲ့လက်တွေ
က .. "

ပြောနေရင်းတန်းလန်း အောက်ပိုင်းက အေးစက်တဲ့အထိ
အတွေ့ကြောင့် သူ အဝတ်မကပ်တော့မှန်း သိလိုက်ရ
တယ် .. ဒီလူကြီးဟာ ဘယ်ကိစ္စမဆို ကျွမ်းကျင်နေတော့
လည်း ခက်သား .. အခုလည်း သူမဟုတ်တဲ့ပုံနဲ့ လည်ပင်း
ပေါ် ခေါင်းအပ်ထားကာ မထိတထိနမ်းလိုက် .. လက်တွေ
က အပေါ်ရောက်လိုက် အောက်ရောက်လိုက် .. အမလေးး
လေးးးး !! ငါတော့ ဒီည ဘဝပျက်ပြီနဲ့တူပါတယ် .. ဒီလူကြီး
ကြမ်းရင် သေမလိုကိုဖြစ်တာကို .. ဟင့် !!!

" ပြွတ် !! "

ထိုအခိုက် သူ့နှုတ်ခမ်းကို တစ်ချက်စုပ်နမ်းလိုက်တဲ့လူကြီး ..
သူ မျက်စောင်းတစ်ချက်ပိတ်ထိုးပစ်လိုက်တော့ သဘော
ကျသွားဟန်နဲ့ တဟား ဟား အော်ရယ်နေသေးတာ ..

MY ANSWER IS YOUOnde histórias criam vida. Descubra agora