Part 3

2.8K 223 3
                                    

MY ANSWER IS YOU

CHAPTER 3

ညနေစောင်းတော့ ဧည့်သည်တော်တော်များများ ရောက်လာ
ကြတယ် ...... အိမ်က အလုပ်သမားတွေကတော့ နေရာချထားရေးနဲ့ အလုပ်တွေပတ်ရှုပ်နေကြတယ် ...... အပြင်က ဆူညံဆူညံအသံတွေကြောင့် လန့်နိုးလာရကာ ကျွန်တော့်
ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူ့ကို သေချာ
ကြည့်မိတယ် .... ယောကျာ်းကောင်းပီသစွာနဲ့ပဲ မျက်နှာက တည်ကြည်နေတယ် ..... အိပ်နေတာတောင်မှလေ .....
နှုတ်ခမ်းနှစ်လွှာက ခပ်ဟဟလေးပွင့်နေတယ် ..... မျက်
တောင်ထူကြီးတွေကလည်း ကော့ညွတ်လို့ ..... ပြောရမယ်ဆိုရင်တော့ ရှေးဘဝက သူ ဆုတောင်းကောင်းခဲ့ပုံပါပဲ ..... မျက်နှာအနေထားက ချောတယ်လို့လည်းပြောလို့ရသလို ယောကျာ်းပီသတယ်လို့လည်း ပြောလို့ရတယ် ...... နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေတာကြောင့် မနှိုးချင်ပေမဲ့ ဧည့်ခံပွဲကရှိ
သေးတာကြောင့် နှိုးလိုက်ရတယ် ..... တော်တော်လျှာရှည်တဲ့သူ ..... နေမကောင်းတာတောင်မှ တစ်နှစ်ပြည့်ကလုပ်ချင်
နေသေးတယ် ..... ပြောရမယ်ဆိုရင် ကျွန်တော်ဆိုတာ သူ့ကိုမချစ်တဲ့သူမို့ တစ်နှစ်ပြည့်ပွဲဆိုတာကလုပ်လည်းထူးခြားလာမှာမှ မဟုတ်ပဲလေ ...... ကျွန်တော်ဆိုတာက သူ ဘယ်လိုလုပ်
ပေးလုပ်ပေး မုန်းတာက မုန်းနေမှာပဲ ..... ကျွန်တော်တို့
အဖြစ်က ဘာနဲ့တူနေလဲဆိုတော့ ပေးတဲ့သူကပေးနေတာ
တောင် ယူမဲ့သူက မယူချင်ပါဘူးဆိုပြီး လက်သီးအတင်း
ဆုပ်ထားတဲ့ပုံနဲ့တူနေတယ် ...... သူက ကျွန်တော့်ကိုအချစ်
တွေပေးသလောက် ကျွန်တော်က သူ့ကို အမုန်းတွေပဲ ပြန်ပေးခဲ့တာလေ ... ဒါကိုလည်း ပြုံးပြုံးလေးနဲ့ပဲ သူလက်ခံခဲ့တာပဲ ...
ကဲပါလေ ..... ဒါတွေက တွေးနေလည်း ထူးခြားလာမှာမှ မ
ဟုတ်တာပဲ ..... ခက်တာက အခုချိန်ထိ သူ့ကိုနှိုးလို့မရ
သေးတာ ...... အိပ်ပျော်နေလိုက်တာများ ...... မတတ်နိုင်တဲ့အဆုံး သူ့နားနားကပ်ပြီး အော်ပစ်လိုက်တယ် .... အဲ့တော့မှ အလန့်တကြားနဲ့ထလာတယ် ......

" Wu Yi Fan ...... ထတော့ ..... "

" ဟင် ... အာကွာ ... ဒီမှာအိပ်လို့ကောင်းနေတဲ့ဟာကို ...ဆေးအရှိန်ရော ...... ကိုယ့်ချစ်လေးရင်ခွင်က နွေးနေတာ
ရော ...... ဘာဖြစ်လို့လဲ ...... "

MY ANSWER IS YOUWhere stories live. Discover now