အပိုင်းနှစ်။

9.6K 1.1K 767
                                    

Unicode ✅

^အယူခံ^

ရပ်ကွက်ထဲက မင်္ဂလာပွဲတခုအား သူတက်ရောက်ပေးရဦးမည်။ ဒါကြောင့် အဝတ်စားအသစ်အားဝယ်ဖို့ အကြောင်းဖန်လာပြန်လေရဲ့။ ရှိတဲ့အဝတ်စားဝတ်သွားလို့ရပေမယ့် သူကမြို့အုပ်မင်းမဟုတ်လား။ အားလုံးကြားထဲမှာ ရထားတဲ့ရာထူးနှင့်အညီ ခမ်းနာနေဖို့လည်းလိုသေးသည်။

ဒါကြောင့် အဝတ်စာအသစ်အားဝယ်ရန် မသင်ဇာရဲ့အထည်ဆိုင်ဆီသွားဖို့ ပြင်လိုက်သည်။ ဘာပဲပြောပြော မသင်ဇာတို့ဆိုင်ကအဝတ်စားတွေက စျေးလည်းသက်သာသလို အသားလည်းစိတ်ချရလေ၏။

မသင်ဇာရဲ့ဆိုင်ရှေ့ကိုရောက်တော့ သူ့ကိုမြင်တဲ့မသင်ဇာက အသည်းအသန်ဆိုင်ထဲကနေထွက်လာလေရဲ့။ လမ်းမှာပြုတ်ကျရင်တော့ ကြည့်ကောင်းဦးမယ်။ ဒီအပျိုကြီးညီအစ်မနှစ်ယောက်က သူ့ကိုမြင်တာနဲ့ အဲ့သလိုကိုဖြစ်နေကြတာ။

"မြို့အုပ်မင်းခွန်းထယ် ဆိုင်ကိုလာတာလား"

"ဟုတ်တယ်ဗျ ကျုပ်အဝတ်စားအသစ်လိုလာလို့"

"အထဲကိုကြွနော်မြို့အုပ်မင်းခွန်းထယ် သင်ဇာကိုယ်တိုင်သေချာရွေးပေးမယ်"

မသင်ဇာကမြို့အုပ်မင်းလက်ကိုဆွဲကာ ဆိုင်ထဲကိုခေါ်သွားလေရဲ့။ မြို့အုပ်မင်းခွန်းထယ်မှာတော့ မသင်ဇာခေါ်ရာနောက်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားလေသည်။ ဆိုင်ထဲရောက်တော့မှမြင်လိုက်ရသည်မှာ အထည်ပုံကြားထဲထိုင်နေတဲ့ ဂျွန်ဧဒင်ကိုပင်။

ဂျွန်ဧဒင်ရဲ့မျက်လုံးတွေက မသင်ဇာဆွဲထားတဲ့ မြို့အုပ်မင်းခွန်းထယ်ရဲ့လက်တွေဆီအကြည့်ရောက်သွားပြီး နောက်တော့ သူနှင့်မဆိုင်သလို တဖတ်သို့ အကြည့်လွှဲသွားပြီး လုပ်စရာရှိတာဆက်လုပ်နေလေရဲ့။

"ဒါလေးနဲ့သာဆို မြို့အုပ်မင်းခွန်းထယ်နဲ့သိပ်လိုက်မှာ"

လက်ထဲကိုင်ထားတဲ့ အကျ••အနီရောင်အား မြို့အုပ်မင်းခွန်းထယ်ရဲ့ ခန္ဓာအားကပ်ကာ တိုင်ပြလေသည်။ မြို့အုပ်မင်းခွန်းထယ်ကတော့ အနီရောင်အကျ••အားသိပ်သဘောမတွေ့တာမို့ မကြိုက်ကြောင်းငြင်းလေရဲ့။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now