အပိုင်းတစ်ဆယ့်သုံး။

6.9K 753 183
                                    

Unicode ✅

^အယူခံ^

“ပန်းပေးပါတယ် ကျုပ်အရှုံးပေးပါတယ် မြို့အုပ်မင်းကြီး”

လှုပ်ခတ်ကသွားတဲ့ ရင်အစုံနှင့်အတူ မည့်သည့်စကားတွေမှ ထပ်မထွက်နိုင်တော့တဲ့ သူ၏နှုတ်ခမ်းပါးတွေဟာလည်း မယုံနိုင်အောင်ပင် နှုတ်ဆိတ်နေခဲ့လေသည်။ မြတ်နိုးရသူပန်ဆင်ပေးထားသည့် နားရွက်ကြားထက်က နှင်းဆီနီ၏ရနံ့သင်းသင်းဟာလည်း နှာခေါင်းဝသို့ကျီဆယ်နေပြန်၏။

“ကျုပ်ကပဲအရှုံးပေးတာမို့ အစကပြန်စကြရအောင်”

ထပ်မံထွက်ကျလာ‌တဲ့စကားစုမှာတော့ သူဦးနှောက်ဟာအလုပ်မလုပ်နိုင်တော့ပဲ ကြောင်အန့်လို့နေခဲ့သည်။ အခုသူ၏မေတ္တာကြိုးလေးက မည်သည့်ကိစ္စရပ်တွေကိုပြောနေသလဲ သူသိချင်မိတာမို့ ရှေ့၌မြင်နေရသည့် ပါးမို့မို့လေးအား အသာယာထိတွေကာ မျက်ဝန်းချင်းဆုံစေလိုက်သည်။

“ကျုပ်နားလည်အောင် ရှင်းပြပါဦးလား ဂျွန်ဧဒင်”

ဒီတော့မှ မျက်ဝန်းအိမ်လေးတွေအောက်ချသွားကာ လက်ကလေးတွေကလည်း အင်္ကျီအောက်နားစကိုလုံးချေရင်း စိတ်လှုပ်ရှားနေသည့်ဟန်ကလေးပင်။

“တကယ်တော့...မြို့အုပ်မင်းကြီးထင်သလို ကျုပ်အစ်ကိုစိုင်းအချစ်ကို လက်ခံလိုက်တာ မဟုတ်ပါဘူး ကျုပ်ပြောတာကိုယုံပေးပါ မြို့အုပ်မင်းကြီး”

မျက်ဝန်းဝိုင်းလေးတွေနှင့် သူ့အားမော့ကြည့်ရင်းဆိုလေတော့ သူခပ်ယေးယေးပြုံးလိုက်မိသည်။ သူတို့နှစ်ဦးကြားထဲ၌ ဖြစ်ပျက်သွားတဲ့ကိစ္စရပ်တွေအား သူထင်ထားသလို ရိုးရှင်းမနေခဲ့ကြောင့် သူရိပ်မိစပြုတာမို့ ဂျွန်ဧဒင်၏လက်အားဆွဲကာ ခုံတန်းလျာထက် နှစ်ယောက်သာဝင်ထိုင်စေသည်။

နောက်တော့ ဂျွန်ဧဒင်ဘက်လှည့်ကာ ဂျွန်ဧဒင်လက်တွေအား ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ဂျွန်ဧဒင်မျက်နှာအား အကြောင်းမပြချက်မရှိ စိုက်ကြည့်နေမိတော့၏။

“ဆိုပါဦး ကျုပ်မျက်ဝန်းတွေကိုကြည့်ပြီး ဆိုပါဦး ဂျွန်ဧဒင်”

သူ့စကားကြောင့် ဂျွန်ဧဒင်ကသူ့မျက်ဝန်းတွေကို မရဲတရဲလေးမော့ကြည့်လာသည်။ ပန်းနုရောင် နှုတ်ခမ်းပါးတွေဟာလည်း တုန်တုန်ရီရီလေးပွင့်ဟလာကာ သူ့အားအကြောင်းဆုံးရှင်းပြဖို့ ‌ကြိုးစားနေရှာတော့သည်။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now