အပိုင်းကိုး။

7.4K 833 297
                                    

Unicode ✅

^အယူခံ^

ပန်းတွေအားစီစစ်နေတဲ့တစ်‌လျှောက်လုံး ဘေးကနေလက်ပိုက်ကာ လိုက်ကြည့်နေတဲ့ မြို့အုပ်မင်းခွန်းထယ်ကြောင့် သူ့မှာအလုပ်လုပ်ရတာ သိပ်စိတ်မ‌ဖြောင့်ချင်တော့ပေ။ ပုံမှန်ဆို ဒီလို‌လိုက်ကြည့်တက်တာ အထူးမဆန်းမဟုတ်သော်ငြားလည်း ဒီနေ့ကအခါတိုင်းနေ့တွေနှင့်မတူ။ ရောက်ထဲကသူ့ကိုလိုက်ကြည့်နေတဲ့ မြို့အုပ်မင်းခွန်းထယ်က ဒီနေ့မှအကဲပိုနေသလိုပင်။

သူလှည့်ကြည့်လိုက်ရင်လည်း တစ်ဖတ်သို့အကြည့်လွှဲသွားပြီး သူမဟုတ်သည့်အတိုင်း ဟန်ဆောင်ကောင်းသည်။ ဒါကြောင့်ကြာလာတော့ သူ့စိတ်ကလေးပင်တိုချင်လာသလို မြိုအုပ်းမင်းခွန်းထယ်ကိုလည်း ဘာကြောင့်ကြည့်နေရသလဲ မေးမြန်းချင်စိတ်ကတစ်ဖွားဖွားပင်။

ဒါကြောင့် မြို့အုပ်မင်းခွန်းထယ်ဘက်လှည့်ကာ မေးမြန်းဖို့လုပ်လေတော့ သူ့အားချက်ချင်း အကြည့်လွှဲသွားတဲ့လူလည်ကြီး။

“မြို့အုပ်မင်းကြီး!”

“ဗျာ”

“ကျုပ်ကိုဘာလို့လိုက်ကြည့်နေတာလဲ လိမ်မယ်မကြံနဲ့ မြို့အုပ်မင်းကြီး‌ကြည့်နေတာ ကျုပ်သိတယ်”

သူ့ဆူသလိုလေးအော်ပြောမိလေတော့ မြို့အုပ်မင်းကြီးကသူ့မျက်နှာအား မဝန်မရဲလေးကြည့်လာသည်။ နောက်တော့သူ့ရဲ့ဆံပင်တွေကိုကြည့်လာပြီး စကားတစ်ချို့ဆိုလာလေရဲ့။

“မင်းဆံနွယ်တွေရှည်လာတယ် မင်းဆံနွယ်တွေပိုရှည်လာတိုင်း မင်းကပိုပြီးလှလာတယ်ဂျွန်ဧဒင် ဒါကြောင့် မင်းရဲ့ဆံနွယ်တွေကို ကျုပ်စီးပေးချင်စိတ်လေးက အစိုးမရဖြစ်နေမိလို့ ကျုပ်လိုက်ကြည့်နေမိတာပါ”

မဝန်မရဲနှင့်ဝန်ခံလာသည့် မြို့အုပ်မင်းခွန်းထယ်ဟာ ပြောလည်းပြော သူ့ဆံနွယ်တွေကို နားရွက်ကြားထဲသို့ညှပ်ပေးလာလေ၏။ သူကတော့ မြို့အုပ်မင်းခွန်းထယ်ရဲ့ဝန်ခံချက်ကြောင့် မည်သို့တုံ့ပြန်ရမလဲမသိတော့လောက်အောင် ရှက်စိတ်ရော ကြည်နူးစိတ်ရော ရောထွေးနေလေသည်။

ဒါကြောင့်ဘာမှပြန်မပြောမိခဲ့ပေ။

“ကျုပ်မင်းအတွက်လက်ဆောင်ရှိတယ်”

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now