အပိုင်းတစ်ဆယ့်နှစ်။

6.3K 759 335
                                    

Unicode ✅

^အယူခံ^

“အဟွတ်!”

မနေ့ညက ဝရံတာထက် ဆေးပေါလိပ်ထွက်သောက်ရင်း အချိန်ကုန်သွားသည်မှာ မနက်မိုးလင်းတဲ့အထိပင်။ အဲ့ဒီအကျိုးဆက်ကြောင့် ယခုမနက်မှာ ပိုတိုးလို့ပင်ချောင်းတွေဆိုးလာသလို၊ မျက်ကွင်းတွေဟာလည်းညိုမဲနေပြီး လူကလည်းမှိုင်"ထွေ"နှင့် မည်သို့မှလန်းဆန်းမနေခဲ့ပေ။

လူကနေလို့မကောင်းသော်လည်း စိုက်ခင်းထဲ သူမသွားရင်မဖြစ်တာကြောင့် အပေါ်ထပ်ဆွယ်တာလေးအားထပ်ဝတ်လိုက်ကာ စိုက်ခင်းထဲသွားဖို့ ပြင်ဆင်ရတော့သည်။

အောက်ထပ်သို့‌ဆင်းလာပြီး ဖိနပ်အားစီးနေတုံး ခြံထဲဝင်လာတဲ့ အရိပ်လေးကြောင့် သေချာကြည့်မိတော့မှ သူပဲမျက်စိမှားလေသလားမသိ။ သူ့ခြံဝန်းထဲသို့ဝင်လာသည်မှာ သူ၏မေတ္တာကြိုးလေးဖြစ်သည့် ဂျွန်ဧဒင်လေးပင်။

ထမင်းချိုင့်အားဆွဲရင်း ခြံထဲဝင်လာတဲ့ဂျွန်ဧဒင်အား မြို့အုပ်မင်းခွန်းထယ်တစ်ယောက် ခပ်ကြောင်ကြောင်လေး ငေးကြည့်နေလေရဲ့။ ဂျွန်ဧဒင်ကတော့ လက်ထဲကထမင်းချိုင့်အား ခုံထက်သွားတင်လိုက်ပြီး သူ့ဘေးသို့ရောက်လာသည်။ နောက်တော့ မြို့အုပ်မင်းခွန်းထယ်၏ လက်တွေကိုဆွဲလာပြီး အတောက်ပဆုံးပြုံးပြလာသည့် ဂျွန်ဧဒင်။

နေပါဦး။ ကျုပ်ရဲ့မေတ္တာကြိုးလေးက နိုင်ငံခြားကိုပြန်သွားပြီမဟုတ်လား။ အခုဘာကြောင့်များသူ့ရှေ့မှောက်ရောက်နေရသလဲ။ သူပဲဇဝေဇဝါးနှင့် မြင်ချင်ရာတွေများမြင်နေသလားမသိတော့ချေ။

“မြို့အုပ်မင်းကြီး”

“ဗျာ...ဂျွန်ဧဒင်”

သူကြောင်တောင်တောင်ဖြစ်နေတုံးမှာပဲ သူ့ရဲ့လက်အားဆွဲသွားပြီး ခုံထက်ထိုင်ခိုင်းတဲ့ ဂျွန်ဧဒင်ကြောင့် သူခုံထက်ဝင်ထိုင်လိုက်သည်။ ဂျွန်ဧဒင်ကတော့ ထမင်းချိုင့်အားဖွင့်ပြီး ခုံပေါ်ချ‌လိုက်ကာ အိတ်ထဲက ပစ္စည်းတစ်ချို့ကိုလည်းထုတ်ရင်း တစ်ယောက်ထဲအလုပ်ရှုပ်နေလေရဲ့။

“မြို့အုပ်မင်းကြီးဖျားနေတယ်ဆိုလို့ ကျုပ်ဆန်ပြုတ်ပြုတ်လာခဲ့တယ် ပူတုံးလေးသောက်လိုက်နော် ပြီးရင်ဆေးလည်းသောက်ရဦးမယ်”

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now