အပိုင်းနှစ်ဆယ့်ငါး။

4.9K 558 200
                                    

Unicode ✅

“အယူခံ”

ပြတင်းပေါက်ကိုဖွင့်လိုက်တော့ မနေ့ညကရွာထားတဲ့ မိုးအရှိန်ကြောင့် မြေသင်းရနံ့ခပ်သင်းသင်းထွက်ပေါ်နေသလို ခြံထဲစိုက်ထားတဲ့ပန်း‌ပင်တွေမှာလည်း မိုးရေစက်လေးတွေစိုစွတ်နေလေ၏။

ဒီနေ့နဲ့ဆိုမောင်နဲ့မတွေ့ရသည်မှာ သုံးရက်‌ကျော် လေးရက်မြှောက်နေ့ပင်။ အဆက်သွယ်ဖျက်ခိုင်းထားတဲ့ ဒေါ်လေးတို့ကြောင့် ‌စိုက်ခင်းလည်းသူမသွားရသလို အပြင်လည်းမထွက်ဖြစ်ခဲ့။ မောင်ကလည်း သူပေးထားတဲ့ကတိကိုတည်တဲ့သူမို့ သူရှိတဲ့အရပ်ကို ခြေလှမ်းတစ်လှမ်းတောင် လှမ်းမလာ‌ခဲ့ပေ။

ဒီလိုကျတော့လည်း သူ့မောင်ကကတိတစ်လုံးကိုတည်သလို လေးစားချင်စရာကောင်းလှသည်။ ဒါဆိုသူကရော။ သူလည်းထိုနည်းတူပင်။ ဒေါ်လေးတို့ကိုပေးထားတဲ့ကတိကိုတည်ချင်တဲ့သူမို့ မောင်နဲ့မတွေ့ရတဲ့ရက်တွေမှာ ဘယ်အပြင်မှမထွက်ဖြစ်သလို မောင့်ဆီလည်းမဆက်သွယ်ဖြစ်ခဲ့ပေ။

သို့သော်မောင်ဟာသူသိပ်ချစ်ရတဲ့ သူ၏ဆိုင်သူမဟုတ်လား။ ချစ်ရသူကိုအဆက်ဖျက်ထားရတာ သူအတွက်လွယ်ကူသည့် ကိစ္စရပ်တော့မဟုတ်ခဲ့ပေ။ သူမောင့်ကိုဒီရက်တွေထဲသိပ်လွမ်းရပါသည်။ မောင်ကလည်းသူ့ကိုလွမ်းနေမယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်သည်။

တစ်ရက်ပြီးတစ်ရက် အားတင်းပြီးနေနေသော်လည်း မောင့်ကိုမတွေ့ရတဲ့ရက်တွေဆက်လာတော့ မောင့်မျက်နှာလေးအား မြင်ချင်လာသည်။ မောင့်လက်သွယ်သွယ်လေးတွေအား ဆုပ်ကိုင်ထားချင်လာသည်။ ခိုဝင်နေကြမောင့်ရင်ခွင်ရဲ့ အနွေးဓာတ်ကိုလည်းလွမ်းလှပြီ။ ဒီပုံစံအတိုင်းဆိုရင် သူတော့ရူးတော့မှာပဲ။

"ဧဒင်လေးရေ မနက်စာစားလို့ရပြီနော်"

"ဟုတ်ဒေါ်လေး လာပြီဗျ"

ဒေါ်လေးသင်ဇာအခေါ်ကြောင့် သူလည်းအောက်ထပ်ကိုဆင်းလာလိုက်ပြီး မနက်စာဝိုင်းမှာဝင်ထိုင်လိုက်သည်။ သူသတိထားမိသည်မှာ ဒီရက်ထဲဒေါ်လေးတို့က သူ့ကိုပိုပြီး‌ဂရုစိုက်ပေးသလိုခံစားရသည်။ အလုပ်ကနေလည်း နှစ်ယောက်သားစောစောပြန်လာကြပြီး သူ့အားအဖော်‌လုပ်ပေးလေ၏။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now