အပိုင်းခုနစ်။

7.4K 872 222
                                    

Unicode ✅

^အယူခံ^

*ဂျိမ်း*

"မြို့အုပ်မင်းကြီး!!"

မိုးခြိမ်းသံနှင့်အတူ ထအော်လာတဲ့ကောင်လေးကြောင့် သူကားကိုလမ်းဘေးတစ်နေရာသို့ထိုးရပ်ရင်း ကြောက်နေတဲ့ကောင်လေးအား အသာလေးဖက်ထားလိုက်သည်။ ကောင်လေးကတော့ သူ့ရင်ခွင်ထဲငြိမ်နေရင်း မျက်လုံးတွေးလည်းမှိတ်ချ‌ထားသေး၏။

"မကြောက်နဲ့ ကျုပ်ရှိတယ်"

"ဟင့်"

မကြောက်နဲ့ဆိုကာမှ အသံတိုးတိုးနဲ့ရှိုက်လာတဲ့ကောင်လေးကြောင့် သူလည်းသူ့ကိုယ်ထက်က လောင်းကုပ်အနွေးထည်အားချွတ်လိုက်ပြီး ဂျွန်ဧဒင်ကိုယ်ပေါ်၌ခြုံထားပေးလိုက်သည်။ ဂျွန်ဧဒင်‌ကတော့ငြိမ်၍သာ သူ့အားပိုတိုးလို့ဖက်ထားလေ၏။

"ဟင့် ကြောက်တယ်မြို့အုပ်မင်းကြီး"

"ကျုပ်ရှိနေတယ်လေ ဘာမှမကြောက်နဲ့ မိုးကခဏနေတိတ်သွားမှာ"

မိုးခြိမ်းနေရုံတင်မက သည်းထန်စွာရွာသွန်းနေတဲ့မိုး‌စက်တွေကြောင့် သူတို့ခရီးဆက်ဖို့ကအခက်တွေ့လေ၏။ မိုးရေတွေကြောင့် ရှေ့ကိုသေချာမမြင်ရသလို၊ ‌လမ်းတွေလည်းဗွက်ထပြီးချော်နေလောက်တော့မည်။ ဒါကြောင့်ထိုအခြေအနေမှာကားမောင်းပြီးခရီးဆက်ဖို့မသင့်ပေ။ သူတစ်ခုခုဖြစ်မှာထက် ဂျွန်ဧဒင်တစ်ခုခုဖြစ်မှာကိုစိုးရိမ်မိသည်။

သည်းထန်စွာရွာနေတဲ့မိုးစက်အသံတွေမှာ ကျယ်ပိတ်ထားတဲ့မှန်တံခါးတွေအားရိုက်ခတ်လာသည်။ မှန်တွေပိတ်ထားကျထားတဲ့ ကားလေး၏အထဲဘက်မှာတော့ ဖွင့်ထားတဲသီချင်းသံလေးကနေရာယူထားရင်း ပျံ့လွင့်နေလေ၏။

သူသည်ရင်ခွင်ထဲကကောင်လေးအားငုံ့ကြည့်ရင်း ဦးနှောက်အားအလုပ်ပေးထားမိသည်။ လူတွေဟာအရာအားလုံးလိမ်ထားလို့ရပေမဲ့ ကိုယ့်ကိုယ်ကိုတော့ မည်သို့မှလိမ်လို့မရပေ။

သူနေတဲ့မြို့လေးကိုဂျွန်ဧဒင်စရောက်လာတဲ့နေ့ထဲက သူ့စိတ်တွေဟာပုံမှန်မဟုတ်ခဲ့ပေ။ ဂျွန်ဧဒင်နဲ့တွေ့ရမည်ဆိုရင် အကြောင်းပြချက်မရှိ သူပျော်မိသည်။ ဂျွန်ဧဒင်နှင့်အကြည့်ချင်းဆုံးမိရင်လည်း တစ်ကြိမ်တစ်ခါမှမဖြစ်ပေါ်ဖူးသည့် ရင်အစုံဟာလှုပ်ခတ်လာသည်။ ဒါတွေဟာပုံမှန်မဟုတ်တာကိုလည်း သူရိပ်မိပါ၏။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now