အပိုင်းငါး။

8.2K 1K 625
                                    

Unicode ✅

^အယူခံ^

"မြို့အုပ်မင်းကြီး!"

"ဘာတုံးကွ!"

အောက်ကနေအော်ခေါ်နေတဲ့ ဂျွန်ဧဒင်ကြောင့် သူ့မှာအောက်ထပ်ကို အသည်းအသန်ပြေးဆင်လာရတယ်။ အောက်ထပ်ရောက်တော့လည်း ခုံထက်ကုတ်ကုတ်လေးထိုင်နေတဲ့ ကောင်လေးကြောင့် သူ့မှာရင်ထဲကအလုံးကြီးကျသွားသလို။ ဒီကောင်လေးအော်ခေါ်တော့ တစ်ခုခုဖြစ်နေတယ်ထင်ပြီးပြေးဆင်းလာမိတာလေ။ တစ်ကယ်တမ်းဘာမှဖြစ်မနေတော့လည်း စိတ်မဆိုးရက်။ စိတ်မပူရတာနဲ့တင်ကျေနပ်လှပြီ။

"ဘာတုန်းကွ! အော်ခေါ်နေတော့တာပဲ။"

"ဟီး...သွားကြစို့လေ။ ဒီနေ့ပန်းတွေတင်ပေးရမယ့်နေ့လေ။ အဲ့ဒါကြောင့်နောက်မကျရအောင် စောစောသွားကြစို့။"

အမယ်။ သူကပဲပြောရတယ်ရှိသေး။ သူလည်းဂျွန်ဧဒင်အနားကိုသွားလိုက်တော့မှ မြင်လိုက်ရတဲ့ ဂျွန်ဧဒင်ရဲ့မျက်နှာဖွေးဖွေးလေးထက် ဝက်ခြံလုံးလေးတွေရဲလို့။ ဒီနိုင်ငံခြားသားလေးက ဘယ်ကနေဘယ်လို ဝက်ခြံတွေပေါက်လာတာပါလိမ့်။

"ဂျွန်ဧဒင်မျက်နှာမှာ ဝက်ခြံလုံးတွေထွက်နေတယ်။"

မြို့အုပ်မင်းခွန်းထယ်ရဲ့အပြောကြောင့် ဂျွန်ဧဒင်မျက်နှာလေးကဆူပုတ်သွားပြီး ငိုမဲ့မဲ့မျက်နှာလေးနဲ့ မြို့အုပ်မင်းခွန်းထယ်ကိုမော့ကြည့်လေရဲ့။

"ကျုပ်မျက်နှာကအဲ့ဒါကြီးတွေကစပ်တယ်။ ပြီးတော့နာလည်းနာတယ်။ မျက်နှာကြီးလည်းပူနေတယ်။"

ပြောပြနေတဲ့ပုံလေးမှာ တကယ့်သနားစရာကလေးလေးတွေလို။ သူဒါကိုမနှစ်သက်ကြောင်း သေသေချာချာကိုပြောပြနေရှာတာ။

"မင်းအဒေါ်တွေကဆေးတွေဘာတွေမလိမ်းပေးဘူးလား။"

"ဟင့်အင်း။ အချိန်တန်ပျောက်သွားလိမ့်မယ်တဲ့။"

ဂျွန်ဧဒင်အဖြေကိုသူသိပ်ဘဝင်မကျချင်။ ဒီအပျိုကြီးတွေက သူတို့မျက်နှာရင့်ရင့်ကြီးတွေမဟုတ််တဲ့အတိုင်းပဲ။ ဒီကောင်လေးရဲ့မျက်နှာနုနုလေးမှာ ဒီလောက်ဝက်ခြံတွေပလဲနေတာကိုများ ဒီတိုင်းကြည့်နေရက်နိုင်တယ်လို့။ အဲ့ဒါကြောင့်လည်း အပျိုကြီးမမတွေဖြစ်နေတာ။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now