အယူခံ [Season 2] အပိုင်းတစ်။

1.8K 309 42
                                    

Unicode ✅

“အယူခံ” [Season 2]

ကိုယ်ပေါ်က အင်္ကျီကြောင့် သူခပ်ယေးယေး ပြုံးလိုက်မိသည်။ သူနှင့် အနည်းငယ်ကြီးနေသည့် အင်္ကျီဟာ သူ့အင်္ကျီမဟုတ်ဘဲ မောင့်အင်္ကျီလေးမှန်း သူမေးစရာတောင်မလိုပါပေ။ ခပ်သင်းသင်း မောင့်ကိုယ်သင်းရနံ့ဟာလည်း ရည်းစားဘဝကနေ အိမ်ထောင်သည်ဘဝသို့ ရောက်သည်အထိ သူ့အား ရင်ခုန်အောင် လုပ်နိုင်လေ၏။

အိပ်ယာပေါ်က ဆင်းလိုက်တော့ လန်းဆန်းနေသည့် ကိုယ့်ခန္ဓာနှင့်အတူ ခန္ဓာအောက်ပိုင်းထက်က ရနေသည့် ဆေးရနံ့ကြောင့် သူ့ပါးပြင်တွေ နီလာသလိုပါပင်။

ဒါဟာ ထူးဆန်သည့် ကိစ္စရပ်မဟုတ်သလို မောင်ဟာ သူတို့ အတူတူနေပြီးတိုင်း သူ့အား သန့်ရှင်းပေးရာကနေ ဆေးလိမ်းပေးသည်အထိ ဂရုတစိုက် လုပ်ပေးပြီး အိပ်လေ့ရှ်ိသည်။ အခုလည်း ထိုသို့ လုပ်ပေးထားသည့် မောင့်ကြောင့် သူ့ရင်တွေခုန်ရသလို နှလုံး‌သား အတွင်းဘက်ထိ နွေးထွေးသွားသည်မှာလည်း သိမ့်ခနဲပင်။

“မောင့်ဧဒင် ဟောဗျာ နိုးနေတာကို ဘာလို့ မောင့်ကို မခေါ်တာလဲ”

“ကျွန်တော် အခုပဲနိုးတာပါ မြို့အုပ်မင်းကြီးရဲ့”

အကဲပိုနေသည့် သူ့မောင် ပုခုံးတွေထက် လက်တွေတင်လိုက်တော့ အလိုက်သိလွန်းသည့်မောင်ဟာ သူအား ခပ်ဖြေးဖြေး ပွေ့ချီပြီး ရေချိုးခန်းဆီ ခေါ်သွားပေးလေ၏။

“မင်းနော် မောင်ကမပြောတာနဲ့ဘဲ အဲ့ဒီလိုကြီး ခေါ်ပြန်ပြီ”

ရည်းစားဘဝတုန်းက ‌မြို့အုပ်မင်းကြီးလို့ ခေါ်ရင် ဘာမှမပြောတဲ့ မောင်က လက်ထပ်ပြီကတည်းက သူ့အား ထို့သို့ခေါ်ရင် သိပ်မကြိုက်ချင်ပေ။ အခုလည်း မျက်နှာကြီး ဆူပုတ်နေပြီး သူ့အား မျက်နှာသစ်ပေးနေလေရဲ့။

“ကျွန်တော် ယောင်္ကျားက အဲ့ဒီလို မျက်နှာကြီးနဲ့ လုပ်ပေးနေတာတော့ မကောင်းဘူးဗျာ”

*ပြွတ်စ်!*

ရုတ်တရက်ကြီး သူ့နှုတ်ခမ်းအား အသံထွက်သည်အထိ တစ်ချက်နမ်းကာ မျက်နှာကြီး ပြုံးဖြီးနေသည့် မောင်ကြောင့် ဧဒင်ခင်မျာ အူကြောင်ကြောင်လေး။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now