"အယူခံ"[Season 2] အပိုင်းခုနစ်။

897 147 27
                                    

Unicode ✅

“အယူခံ”

“မောင့်ကို စိတ်ကောက်နေတာလား”

“မောင်က ကျွန်တော်ကို မချစ်ပါဘူး”

ဧဒင် စကားကြောင့် မောင်ဟာ မျက်မှောင်တွေကြုတ်သွားပြီး ‌ဧဒင်အား သူ့နှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လေသည်။

“ကျုပ်ရင်ကွဲရအောင် အဲ့ဒီလိုစကားတွေ မဆိုစမ်းနဲ့ ဧဒင် ကျုပ်မင်းကို ဘယ်လောက်ထိ ချစ်သလဲ မင်းအသိဆုံး”

“ဒါဆို ဘာလို့ မာမီတောင်ဆိုးတာကို လက်ခံလိုက်တာလဲ မြို့အုပ်မင်းကြီးက ကျွန်တော်နဲ့ အတူတူမအိပ်ဘဲ နေနိုင်တယ်ပေါ့”

ဧဒင်အမေးကြောင့် မောင်ဟာ ဘာစကားမှ မဆိုတော့။ အားအင်ကုန်ခမ်းသွားသလို ဧဒင်ရင်ဘက်ထက် မျက်နှာအပ်ကာ တိတ်ဆိတ်သွားလေ၏။

ခဏကြာတော့မှ အသံခပ်တိုးတိုးလေး ထွက်လာသည်မှာ ။

“မင်းမေမေ မောင့်ကို အမြင်ကြည်အောင် မောင် ဘာတွေများ လုပ်ပေးရမလဲ ဧဒင်”

အခုမှထွက်လာသည့် စကားမှာ မာမီဆက်ဆံပုံကြောင့် ဝမ်းနည်းလာသည့်ပုံပင်။ ဒီလိုတွေဆိုလာပြန်တော့လည်း သူသည် စိတ်မကောင်း။ မာမီဘက်ကလည်း ဘာကြောင့်များ မောင့်ကို အခုလိုဆက်ဆံနေရသလဲ သူနားမလည်နိုင်ပါပေ။

“မောင်ဘာမှ လုပ်ပေးဖို့ မလိုဘူး မောင်လက်ထပ်ထားတာ ကျွန်တော်တစ်‌ယောက်တည်း မောင်ကျွန်တော်နဲ့ အဆင်ပြေနေရင်ရပြီ တစ်လောကလုံး ကျွန်တော်တို့ကို မုန်းနေရင်တောင် မောင်ကျွန်တော်အနားမှာရှိနေရင်ရပြီ ကျန်တာ ဘယ်သူဘယ်လိုစိတ်ထားသလဲ ကျွန်တော် စိတ်မဝင်စားဘူး”

ဧဒင်စကားကြောင့် မောင်ဟာ သက်ပြင်းဖွဖွချသည်။ ဧဒင်ပြောသည်မှာ မောင်လက်မခံနိုင်စရာ မရှိသော်လည်း မိဘတွေအပေါ် ဒီလို သဘောထားသည်ကိုတော့ မောင်လက်မခံချင်ပေ။ သူက ဧဒင်၏ အမျိုးသားဖြစ်တာမို့ သူ့ချစ်ရတဲ့ဧဒင်အား ဆုံးမစရာရှိတာ ဆုံးမရပေမည်။

“ဘာတွေပဲဖြစ်နေပါစေ ဒီရက်တွေထဲမှာတော့ ဧဒင်မိဘတွေကို စိတ်ချမ်းသာအောင် ထားရမယ် ဧဒင် မောင်ပြောတာ နားလည်တယ်မဟုတ်လား”

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now