"အယူခံ" [Season 2 ] အပိုင်းလေး။

934 132 10
                                    

Unicode ✅

"အယူခံ"

အိမ်ဘက်လာခဲ့ဖို့ ခေါ်ထားတဲ့ ဒေါ်လေးတို့ကြောင့် သူနှင့်မောင် ဒေါ်လေးတို့အိမ်ဘက် ရောက်လာခဲ့လေသည်။ တကူးတက ခေါ်ယူရသည်အထိ ‌ဒေါ်လေးတို့ဆီမှာ ပြောစရာတစ်ခုခုရှိသည့်ပုံပါပင်။

သူတို့အိမ်ထဲရောက်တော့ ဒေါ်လေးသူဇာတို့လည်း ဧည့်ခန်းထဲ၌ နှစ်ယောက်သား ထိုင်နေ‌ကြလေ၏။ ဒါကြောင့် သူနှင့်မောင်လည်း ဝင်ထိုင်လိုက်တော့ ဒေါ်လေးတို့က သူတို့အား အသာယာပြုံးပြလေသည်။

အရင်က မောင်နှင့် ဒေါ်လေးတို့ဟာ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့တာမို့ ‌ဆက်ဆံရေးမှာလည်း ပွင့်ပွင့်လင်းလင်းနဲ့ ခေါ်ခေါ်ပြောပြော ရှိလေသည်။ အခုတော့ ခေါ်ခေါ်ပြောပြော သိပ်မရှိတော့သည်မှာ သူသတိထားမိပေမဲ့ သူမောင့်ကို နားလည်၏။

မောင့်ကြည့်ရတာ သူနှင့်လက်ထပ်လိုက်ကတည်းက ဒေါ်လေးတို့ကို အားနာနေသည့်ပုံပါပင်။ စကားပြောရင်လည်း ဆွေးမျိုးဆိုသည့် အခံနှင့် ပုံမှန်ထက်ပိုပြီး ယဉ်ကျေးပြီး သတိထားပြောဆို ဆက်ဆံတတ်သည်မှာလည်း မောင်ကတစ်မျိုး ချစ်စရာကောင်းပြန်ပါ၏။

"ဒေါ်လေးတို့ ကျွန်တော်တို့ကို တွေ့ချင်တယ်ဆိုတာ ဘာပြောမို့လဲဟင်"

ဧဒင်ဘက်က အရင်မေးခွန်းထုတ်တော့ မသင်ဇာမှာ မသူဇာမျက်နှာကိုကြည့်ပြီး စကားစလာလေရဲ့။

"နောက်အပတ်ထဲ မင်းဒယ်ဒီတို့ မြန်မာပြည်ကို လာလည်လိမ့်မယ် ဧဒင်"

"ဗျာ! ဒယ်ဒီတို့က ဘယ်လိုလုပ်ပြီး..."

ဧဒင်သည်ဆက်မပြော။ သူ့ကြည့်ရတာ သူ့မိဘတွေလာမည်ကို စိတ်ပူသွားသည့်ဟန်ပင်။ မြို့အုပ်မင်းခွန်းထယ်မှာတော့ ရုတ်တရက်ကြီး သူ့အမျိုးသား၏ မိဘတွေအား တွေ့ဆုံရ‌မှာမို့ ဖုံးဖိမရအောင်ပင် ကြောက်စိတ်ဝင်သွားသည်မှာ ခပ်ကျစ်ကျစ်စုပ်ထားသည့် လက်သီး‌ကလေးက သက်သက်ပင်။

"အဲ့ဒီလောက်ကြီးလည်း ကြောက်မနေကြပါနဲ့ သူတို့သဘောတူထားလို့ မင်းတို့ လက်ထပ်ပြီးပြီပဲ သူတို့အခုမှထပြီး ခွဲလို့လည်းမရဘူး စိတ်မပူပါနဲ့"

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now