အချပ်ပို။ "ဧဒင် မောင့်ကိုခွင့်ပြုမလား"

2.3K 300 77
                                    

Unicode ✅

“အယူခံ”

ပါးဖောင်းဖောင်းလေးထက် ကျရောက်လာသည့် နှုတ်ခမ်းပါးတွေမှာ အနူးညံ့ဆုံး အနမ်းတစ်ပွင့်ပင်။ အနမ်းတွေအား ခြယ်လှယ်နေသည့် မောင်ဟာ ဧဒင်၏ ပါးပြင်တွေအား နေရာလတ်မကျန် အနူးညံ့ဆုံး အနမ်းများ ဖြန့်ကျဲလေ၏။

ပါးပြင်ကနေတဆင့် နောက်ထပ်နေရာသို့ ခြယ်လှယ်မဲ့ အချိန်မှာတော့ မောင်ဟာ သူ့စိတ်ကြိုက် မလုပ်ဘဲ ဧဒင်မျက်နှာအား အသာအယာတစ်ချက် မော့ကြည့်ရှာသည်။

ချစ်သူရည်းစားဘဝကတည်းကနေ အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းသွားသည်အထိ မောင်ဟာ ဧဒင်ခွင့်ပြုချက်မပါဘဲ မည်သည့်အရာကိုမှ သူ့စိတ်ကြိုက် ရယူတတ်သည့်သူမျိုး မဟုတ်ပေ။

ဧဒင်ဆီက အမြဲခွင့်တောင်းတတ်သည့်မောင်ဟာ ဧဒင်ဘက်က ငြင်းဆန်လာရင်လည်း အတင်းကျပ်တောင်းဆိုဖို့ မပြောနှင့်။ ဧဒင် မျက်နှာပင် တစ်ချက်အပျက်မခံ။ အပြုံးမပျက် ဧဒင် စိတ်‌ဆန္ဒသဘောအတိုင်း ဦးစားပေး လိုက်နာတတ်သူပင်။

အခုလည်း ဧဒင်မျက်နှာအား ငေးကြည့်လာသည့် မောင့်မျက်ဝန်းတွေဟာ သိပ်ကိုလေးနက်လွန်းသည်။ ထိုမျက်ဝန်းတွေ၌ ဧဒင်အား မည်မျှ မြတ်နိုး တန်ဖိုးထားသလဲ မြင်နိုင်လေ၏။

“ဧဒင် မောင့်ကို ခွင့်ပြုမလား”

ဧဒင်လက်ဖဝါးနုနုအား အသာကိုင်ရာ ခပ်တိုးတိုးအသံနှင့် တောင်းဆိုသည့် မောင့်အသံဟာ ဧဒင်စိတ်အစုံကို လုံခြုံနွေးထွေး‌မှုတွေ ပေးနေသလိုပါပင်။

ဧဒင်ဟာ ခပ်ယေးယေးပြုံးကာ “ကျွန်တော် ခွင့်ပြုပါတယ်” လို့ ခပ်တိုးတိုး တုံ့ပြန်စကား ဆိုလာသည့် အချိန်မှာတော့ မောင်ဟာပျော်သွားသည်ဟန် သဘောတကျပြုံးတော့သည်။

မည်သူမဆို ကိုယ်ချစ်ရသည့်သူအား ထိတွေ့ချင်သည်။ နမ်းရှိုက်ချင်သည်။ သူ့အပိုင်ပါဟူ၍ ခန္ဓာကိုယ်ချင်း ချိတ်ဆက်ချင်ကြလေသည်။ မောင်သည်လည်း ဧဒင်ဟာ သူတရားဝင် လက်ထပ်ထားသည့်သူ ဖြစ်တာကြောင့် ထိုသို့စိတ်တွေရှိပေမဲ့ ယနေ့ဒီအချိန်ထိ မောင်ဟာ အနမ်းဖွဖွလေးကအစ ဧဒင်ငြိုငြင်အောင် မယူရက်သူပင်။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now