"အယူခံ" [Season 2] အပိုင်းကိုး။

1K 153 45
                                    

Unicode ✅

“အယူခံ”

တနေကုန် မြို့အုပ်မင်းခွန်းထယ်၏ စိုက်ခင်းထဲအချိန်ကုန်ပြီး ချိန်မှာတော့ သူတို့အားလုံး မသူဇာတို့အိမ်သို့ ပြန်ရောက်လာကြလေသည်။ ညစာအတူတူ စားဖို့ ပြောလာသည့် မသူဇာတို့ကြောင့် မောင်လည်း အားလုံးနှင့်အတူတူ ညစာအတူစားဖို့ အကြောင်းဖန်လာလေ၏။

ထမင်းမစားခင် ခြံထဲ၌ ခဏထွက်ထိုင်နေသည့် မောင့်အနားသို့ ဧဒင်မိခင်ဟာ ဖြေဖြေချင်း လျှောက်လာလေသည်။ အနားရောက်တော့ သူ့အားမြင်သွားသည့် မောင်ဟာ ‌ထိုင်ရာကနေ ထလာပြီး သူ့ယောက္ခမအား ထိုင်ဖို့ နေရာပေးလေရဲ့။

“ရတယ် မင်းပဲထိုင်ပါ”

ခြံထဲလမ်းလျှောက်မည့်ဟန်နှင့် ဆိုလာသည့် ဧဒင်အမေကြောင့် မောင်လည်း စကားထပ်မဆိုတော့ သူနေရာ၌သူ ငြိမ်ငြိမ်ကလေး ပြန်ထိုင်နေတော့၏။

အစကတော့ အိမ်ပေါ်၌ ပူလို့ ခြံထဲတစ်ယောက်တည်း ဆင်းထိုင်ပေမဲ့ သူ့ရှိရာနေရာသို့ ရောက်ချလာသည့် ယောက္ခမကြီးကြောင့် မောင်ဟာ ဆက်ထိုင်နေရနှိုးနှိုး ထသွားရနှိုးနှိုးနှင့် အတွေးများနေလေရဲ့။

“မနက်ဖြန် ဘယ်လိုက်ပို့မှာလဲ”

ရုတ်တရက် မေးခွန်းထုတ်လာတဲ့ ယောက္ခမကြောင့် မောင်ဟာ ကိုယ်ကလေးမတ်သွားပြီး အဖြေအား အမြန်ပေးတော့၏။

“အန်တီ သွားချင်တဲ့နေရာရှိလား ဒါမှမဟုတ် ဘုရားတွေ အရင်လိုက်ပို့ပေးရမလား”

သူ့အမေးအား ခဏစဉ်းစားဟန် လုပ်ကာ ။

“ဘုရားတွေကတော့ ဒါလင်ကိုပဲ လိုက်ပို့ပေးလိုက်ပါ သူကဒီရောက်ကတည်းက ဘုရားတွေသွားဖို့ ပြောနေတာ အန်တီကတော့ မနက်ဖြန် တစ်ရက်ကို‌ မင်းစိုက်ခင်းဆီပဲ သွားလိုက်မယ်လေ အဆင်ပြေတယ် မဟုတ်လား”

“ဗျာ ပြေ..ပြေပါတယ် အန်တီ”

စရောက်လာကာစက စကားပြောရင် သူ့ကိုယ်သူ  “တို့”လို့သာ သုံးနှုန်းသည့် သူ့ယောက္ခမဟာ အခုတော့ သူ့ကိုယ်သူ “အန်တီ”ဟု ပြောင်းသုံးကာ စကားကိုလည်း အဆင်ပြေပြေနှင့် ပြောနေတာမို့ မောင်ဟာ အံ့လည်းဩနေသလို စိတ်ထဲ၌လည်း ‌အတော်လေး ပျော်ရွှင်နေမိလေသည်။

You've reached the end of published parts.

⏰ Last updated: Mar 30 ⏰

Add this story to your Library to get notified about new parts!

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now