အပိုင်းတစ်ဆယ့်ကိုး။

5.4K 631 147
                                    

Unicode ✅

^အယူခံ^

မျက်စိရှေ့မြင်နေရသည့် မြက်ပင်စိမ်းတေ‌ွအားငေးကြည့်နေမိသည်မှာ အချိန်အလွန်ပင်ကြာခဲ့ချေပြီ။ တိုက်ခတ်နေသည့် လေပြေလေညှင်းလေးတွေကြောင့် သူ၏ဆံနွယ်တွေဟာလည်း လေထဲမှာဝဲလို့။ သက်ပြင်းတစ်ချက်ချလိုက်တိုင်း  မေးခွန်းပေါင်းများစွာဟာလည်း ခေါင်းထဲမှာပြည့်လို့နေလေ၏။

ယုံသည်။ ထိုအမျိုးသားကို သူအကြွင်းမဲ့ယုံကြည်သည်။ ဒါပေမဲ့ လူ့သဘာဝ သံသယစိတ်ကလေးဟာ ဖြေဖျောက်ရခက်သားပင်။

သူတော့ဘာကိုမှမသိနိုင်တဲ့ အရူးတစ်ယောက်သာဖြစ်လိုက်ချင်ပါရဲ့။

လက်ထဲကနာရီလေးအားကြည့်မိတော့ ၁၀နာရီခွဲချေပြီ။ ဆက်ထိုင်နေရင်လည်း အုပ်မှိုင်းနေသည့် ကောင်းကင်ကြောင့် မကြာခင်မိုးရွာခဲ့သည်ရှိသော် မိုးမိမှာကိုဆိုးရသည်။

ဒါကြောင့် ထိုင်ရာကနေထကာ စိုက်ခင်းထဲသွားဖို့ပြင်ရတော့၏။ ဒီနေ့လည်းသူဟာ ဘာမှမသိ ဘာမှမခံစားရသည့် လူတစ်ယောက်ပမာ အဆင်ပြေ‌ချင်ယောင်ဆောင်ရပေဦးမည်။

သူသည်လည်း ဝဠ်ကြွေးကြီးလေရဲ့။

ဟိုတွေး‌ဒီတွေးလေးန‌ဲ့ လျှောက်လာလိုက်သည်မှာ စိုက်ခင်းဆီရောက်ဖို့ သိပ်မလို့တော့ပေ။ သို့သော် ရုတ်တရက်ကြီးရွာချလိုက်တဲ့မိုးကြောင့် လှမ်းနေသည့်ခြေလှမ်းတွေ သူ့အလိုလိုရပ်တန့်သွားလေ၏။

လက်ပေါ်သို့ တစ်ချင်းကျဆင်းနေသည့် မိုးစက်တွေအားကြည့်ရင်း ရင်ဘတ်ထဲတင်းကျပ်လာကာ  ခံစားချက်တွေဟာ စတင်ရှုပ်ထွေးစပြုလာသည်။

"အဆင်ပြေပါတယ်...."

ကိုယ့်ကိုယ်ကိုသတိပေးကာ ခြေလှမ်းတွေဆက်လှမး်ရင်း အောက်နှုတ်ခမ်းအား ခပ်တင်းတင်းကိုက်ထားမိသည်။

တစက်တည်းမှာပဲ မိုးစက်တွေနှင့်အတူ သူ၏မျက်ရည်စတွေဟာလည်း ပါးပြင်ပေါ်သို့ ဖြတ်သန်းလာတာမို့ ငိုချင်စိတ်ကတင်းခံထားရသည်မှာ သူသိပ်ပင်ပန်းလှချေပြီ။

အောက်နှုတ်ခမ်းကိုက်ရင်း ခပ်သုတ်သုတ်လျှောက်လာလိုက်သည်မှာ စိုက်ခင်းဆီသို့ရောက်ခဲ့လေပြီ။ သူပဲအမြင်မှားလေသလား။ ဒီနေ့မှ စိုက်ခင်းထဲ အလုပ်သမားတစ်ယောက်ကိုမှ မတွေ့ရပေ။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now