"အယူခံ" [Season 2] အပိုင်းနှစ်။

1.4K 210 55
                                    

Unicode ✅

“အယူခံ”

အဲ့ဒီနေ့က ဧဒင်ဟာ ‌မောင့် မေးခွန်းအား အဖြေမပေးခဲ့ပေ။ အဲ့ဒီအစား သူစဉ်းစားချင်သေးတယ်လို့သာ ပြောထားပြီး ရက်အတော်ကြာသည့်ထိ အကြောင်းမပြန်တာကြောင့် မောင်ဟာ သူလုပ်မိတာ မှားများ မှားနေပြီလား ဆိုသည့် အတွေးနှင့် စိတ်ကလေး မောနေရရှာတော့သည်။

ထို့အပြင် ဒီရက်ပိုင်း မြို့အုပ်မင်းခွန်းထယ်ဟာ စိုက်ခင်းဘက်ကိုတောင် မရောက်ဖြစ်ဘဲ ဧဒင်ကိုသာ လွှဲထားရသည်။ သူကတော့ သူ့ထက်ကြီးသည့် အထက်လူကြီးတွေနဲ့ တွေ့ဆုံကာ ကိစ္စရပ်တွေအား စီမံဖြေရှင်းနေရလေ၏။

ဒီလိုတွေ ဖြစ်လာတော့ သူတို့နှစ်ဦးဆုံချိန်ဟာ နည်းသထက် နည်းလာသည်။ ဧဒင်ဟာလည်း စိုက်ခင်းအား ဦးစီးပြီးလုပ်နေရတာကြောင့် ညဘက်တွေ စောစောအိပ်ဖြစ်ပြီး မြို့အုပ်မင်းခွန်းထယ်မှာတော့ အလုပ်ကိစ္စတွေနှင့် တခြားမြို့တွေဆီ ရောက်သွားလိုက် အပြင်မှာ တနေကုန်လိုက်နှင့် ညအိပ်ချိန်လောက်သာ အိမ်ပြန်ရောက်လာတတ်၏။

ဒီလိုတွေ ‌ဆုံချိန်နည်းလာပေမဲ့ သူတို့နှစ်ဦးအချစ်ကတော့ နည်းနည်းကလေးမှ နည်းမသွားပေ။ ပုံမှန်အတိုင်း တစ်‌ယောက်ကို တစ်ယောက် အလေးနက်ထား ချစ်မြတ်နိုးကြသလို ခဏလေး ဆုံချိန်မှာလည်း မြို့အုပ်မင်းဟာ ဧဒင်ဟာ အလေးနက်ထား ဂရုစိုက်ပေးလေရဲ့။

“ဧဒင်‌လေး ဒါကဒီလ စာရင်း”

လက်ထဲထည့်ပေးလာသည့် စာအုပ်ထဲက ငွေစာရင်းတွေအား ကြည့်ကာ ဧဒင်သည် မျက်နှာအနည်းငယ် ညှိုးငယ်သွားရသည်။ ပုံမှန်ထက် အထွက်နှုန်းနည်းနေသည့် သူတို့စိုက်ခင်းဟာ သူ့မောင် မရှိတဲ့ အချိန် ခဏလေးမှာတင် ဖြစ်ချင်တိုင်းဖြစ်နေသလိုပါပင်။

“အဲ့ဒီမျက်နှာက ဘာတုန်း ဧဒင်”

ဧဒင်အား အမြဲလိုလို အရိပ်အကဲခတ်တတ်သည့် ဦးလေးလှသောင်းကြီး၏ အမေးကြောင့် ဧဒင်ဟာ ခေါင်းသာခါလို့ ခပ်ယေးယေးပြုံးပြလေရဲ့။

“စိုက်ခင်းမှာ မြို့အုပ်မင်းခွန်းထယ် မရှိလို့ မဖြစ်ဘူးထင်တယ် ဦးလေးလှသောင်း ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဒီစိုက်ခင်းကို အကောင်းဆုံးဖြစ်အောင် မလုပ်ပေးနိုင်ဘူးလေ”

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now