အပိုင်းရှစ်။

7.2K 874 183
                                    

Unicode ✅

^အယူခံ^

“ဧဒင်လေးလာပြီဟေ့”

ကြားလိုက်ရတဲ့ ဦးလေးလှသောင်းအော်သံကြောင့် မြို့အုပ်မင်းခွန်းထယ်တစ်ယောက် ပြာပြာသလဲနဲ့ခေါင်းမော့ကာ ကြည့်လာတော့ စံထွန်းတို့ခြံထဲကိုရောက်လာတဲ့ ဂျွန်ဧဒင်လေးပင်။ ဂျွန်ဧဒင်လေးကိုမြင်တော့မှ ချက်ချင်းဆိုသလို ပြုံးဖြီးသွားတဲ့ မြို့အုပ်မင်းခွန်းထယ်၏မျက်နှာအား အားလုံးအကဲခတ်မိကြသည်။

“ဧဒင်လေး ဒီမှာထိုင်”

“ဟုတ်ဟုတ်”

ဂျွန်ဧဒင်လေးက မြို့အုပ်မင်းခွန်းထယ်၏ မျက်နှာချင်းဆိုင်‌တွင်ဝင်ထိုင်‌တော့ မြို့အုပ်မင်းခွန်းထယ်တစ်ယောက် ဂျွန်ဧဒင်လေးဆီကနေ အကြည့်မခွာတော့‌။ ပြုံးရင်းသာစိုက်ကြည့်နေမြဲပင်။

ဂျွန်ဧဒင်လေးမှာလည်း အိပ်ခါနီးမျက်နှာလေးအေးနေအောင် သနပ်ခါးရေကျဲလေး လိမ်းထားသည့်အပြင် ညဝတ်ဝတ်ဆုံမှာလည်း အကျ••အကြီးကြီးနှင့် ချည်ပုဆိုးလေးကိုတွဲဝတ်ထားသည်။ ပုံမှန်ဆိုရင် ဂျွန်ဧဒင်လေးကပုဆိုးဝတ်လေ့မရှိတာမို့ အခုလိုဝတ်ထားတော့လည်း သူ့မေတ္တာကြိုးလေးက တစ်မျိုးချစ်စရာကောင်းနေပြန်ပါသည်။

“အဟမ်း...”

ဦးလေးလှ‌သောင်းရဲ့ ချောင်းဟန့်သံကြားတော့မှ မြို့အုပ်မင်းခွန်းထယ်တစ်ယောက် ကိုယ့်ကိုယ်ကိုပြန်ထိန်းကာ ဂုတ်ပိုးအားပွတ်သတ်ရင်း ပြုံးနေလေရဲ့။ ဂျွန်ဧဒင်လေးကတော့ သူ့ကိုမျက်တောင်မခတ်တန်းကြည့်နေတဲ့ မြို့အုပ်မင်းခွန်းထယ်အားသတိမထားနိုင်။ လက်ဖက်သုတ်ဇလုံကိုသာ စိတ်ဝင်စားနေလေရဲ့။

စံထွန်းမိန်းမကလည်း လက်ဖက်သုတ်အား ပန်းကန်တစ်ခုထဲထည့်ကာ ဂျွန်ဧဒင်ထံကမ်းပေးလေရဲ့။ ဒီတော့မှ သူတို့အစားပုတ်လေး ကပြားကောင်လေးမှာ အစားအသောက်ဆီအာရုံရသွားပြီး တစ်ခြားဘယ်အရာကိုမှစိတ်မဝင်စားအားတော့ပေ။

“ကောင်းလား ဧဒင်လေး”

“မမသဲစုလက်ယာကတစ်ကယ်ကောင်းတာ ဟီး”

‌ဂျွန်ဧဒင်အဖြေကြောင့် အားလုံးကသဘောတကျပြုံးနေပေမယ့် မပြုံးနိုင်သူမှာ မြို့အုပ်မင်းခွန်းထယ်။

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now