အပိုင်းတစ်ဆယ့်လေး။

6K 722 188
                                    

Unicode ✅

^အယူခံ^

တန်ခူးလဆန်း။

ဤနေ့ကတော့ တန်ခူးလ၏ လအစပင်။ တန်ခူးလရောက်ပြီမို့ မကြာခင်‌ကျရောက်တော့မည့် သင်္ကြန်ပွဲတော်၏ အငွေ့အသက်များဟာ အားလုံး၏စိတ်နှလုံးကို အေးချမ်းစေသည်။ ဒီအပြင် လူနေအိမ်နှင့် ဆိုင်အတော်များများမှာလည်း သင်္ကြန်သီချင်းသံများအားဖွင့်ထားကြသလို နှစ်သစ်မင်္ဂလာ သင်္ကြန်အချိန်အခါအား အားလုံးအတူတူကြိုဆိုနေကြတော့၏။

ဒီနေ့ဟာမြို့အုပ်မင်းခွန်းထယ်တို့၏စိုက်ခင်းထဲတွင် အလုပ်သမားများစုဝေ၍ ‌မုန့်လုံးရေပေါ် လုပ်စားဖို့ပြင်ဆင်နေကြလေသည်။ အမျိုးသားများက ထင်းခုတ် မီးမွှေးနှင့် အလုပ်ရှုပ်နေကြသလို၊ အမျိုးသမီးများဟာလည်း ကိုယ်စီကိုယ်စီအလုပ်ရှုပ်နေကြလေရဲ့။

ဤကြားထဲ စိုက်ခင်းထဲဝယ် “နွေဦးကဗျာ”ဆိုသည့် သင်္ကြန်သီချင်းသံမှာလည်း စိုက်ခင်းထဲ၌ ပျံ့လွင့်‌ကာ လူအများအပြာ၏စိတ်နှလုံးအား အေးချမ်းသာယာအောင် ဖျော်ဖြေပေးနေတော့သည်။

စိုက်ခင်းထဲကအလုပ်သမားများဟာလည်း ဤနေ့မှအလွန်အမင်ပျော်ရွှင်နေကြသလို အပြုံးပန်းတွေဝေဆာနေကြကာ ကိုယ့်တာဝန်ကိုယ်ယူရင်း မမောနိုင်မပန်နိုင် ရယ်မောကာ စုပေါင်းလုပ်ကိုင်နေကြသည်။   ခဏကြာတော့ စိုက်ခင်းထဲကိုရောက်လာသည့် မြို့အုပ်မင်းခွန်းထယ်နှင့် ဂျွန်ဧဒင်တို့အားမြင်တော့ အားလုံးကပြုံးပြုံးရွှင်ရွှင်နှင့် ကြိုဆိုကြတော့၏။

“ကဲဗျာ အားလုံးလည်းပင်ပန်းနေကြပြီမဟုတ်လား”

“မပင်ပန်းပါဘူးရှင် ဒီအစားဒေါ်လေးတို့အားလုံး ပျော်ရွှင်နေကြတာကွဲ့”

“ဟုတ်ပါ့ဗျာ ကျုပ်လည်းပင်ပန်းတယ်ဆိုတာ ဘာမှန်းတောင်မသိပါဘူးဗျာ”

ဒေါ်လေးခင်နဲ့ မောင်ကျော်တို့စကားကြောင့် မြို့အုပ်မင်းခွန်းထယ်တစ်ယောက် သဘောတကျပြုံးတော့သည်။

“ဟုတ်ပါပြီဗျာ ဒါနဲ့ ကျုပ်အားလုံးကိုပြောစရာရှိတယ် ဒီနေ့ကျုပ်တို့ရဲ့အလှူမှာ ပါဝင်မဲ့လူနှစ်ယောက်ရှိတယ်ဗျ”

"အယူခံ" [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾]Where stories live. Discover now