1
Unicode
.ယနေ့ရာသီဥတုကသာယာပါသည်။
သို့သော် သူ့စိတ်က ကျယ်ပြန့်သောကောင်းကင်ယံဝယ် တိမ်ညိုတွေစွေပြီးအုံ့မှိုင်းနေသည့်အတိုင်းဖြစ်နေလေသည်။မနက်ခင်းဖြစ်ကာ သစ်ပင်ပန်းပင်တို့၌ မိုးစက်ကလေးတွေတွဲခိုနေ၏။ ထို့အတူ သူ့မျက်တောင်၌လည်းမျက်ရည်စက်ကလေးတွေတွဲခိုနေလျက်ရှိသည်။
အိမ်ကို ဝိုင်းလာတဲ့ကားသံတွေက ခါတိုင်းသူနှစ်ခြိုက်တတ်သည့်ငှက်ကလေးတွေရဲ့တေးဆိုသံကိုဖုံးလွှမ်းသွားပြီး ယနေ့သူ့အတွက်နားခါးဖွယ်ဖြစ်နေသည်။
ပြတင်းပေါက်တွင်ရပ်ပြီးအပြင်ကိုငေးရတာသူသဘောကျသော်ငြား ယနေ့တော့
သူအိပ်ရာပေါ်မှာသာငုတ်တုတ်ထိုင်ပြီး
ထုဆစ်ခံထားရသောကျောက်ရုပ်အတိုင်း
ဖြစ်နေပေသည်။အနောက်တိုင်းဆန်ဆန်သတို့သားဝတ်စုံ
နှင့်လိုက်ဖက်စွာ သူ့အသားကဖြူဝင်းလွန်းနေသည်။ သပ်သပ်ရပ်ရပ်ဖြီးသင်ထားပြီးပြီဖြစ်တဲ့ဆံပင်တွေဟာ သူ့လက်ချက်ကြောင့် ပုံပန်းပျက်ကုန်နေပြီ။ပါးပြင်ထက်လှိမ့်ဆင်းလာသောသူ၏
မျက်ရည်စက်များတွင် နာကျင်မှုတို့ပြည့်လျှမ်းနေသည်။ချယ်ရီသီးလေးလိုလှရက်လွန်းပြီးနီဖျော့ဖျော့သန်းနေသည့်သူ့နှုတ်ခမ်းဖူးဖူးတစ်စုံဟာ ချွန်ထက်သည့်သွားတချို့၏ရန်ရှာခြင်းကိုခံနေရပေသည်။
ထို့ကြောင့် သူ့အောက်နှုတ်ခမ်းလေးဟာဆိုလျှင် အနည်းငယ်တောင်ပေါက်ပြဲနေလေပြီ။
"နတ်သက်ကြွေ! မြန်မြန်ထွက်မလာသေးဘူးလား အောက်မှာနင့်လူကြီးရောက်နေပြီ''
အလိုက်လုံးဝမသိ ပိုက်ဆံမြင်ရင်
မြောက်ကြွမြောက်ကြွဖြစ်နေတတ်သော
မိထွေးဖြစ်သူ ဒေါ်ယွန်းစံနီ ကို ခကြွေ
ခပ်စူးစူးပဲကြည့်ပေးလိုက်၏။ယောက်ျားတစ်ယောက်ရဲ့အတင်းအဓမ္မသိမ်းပိုက်ခြင်းကိုခံလိုက်ရတာလောက်
ဘဝတွင်ရင်နာစရာအဖြစ်မျိုး ရှိဦးမည်
မထင်။ဒါ့အပြင် ထိုယောက်ျားဟာ ပြီးခဲ့တဲ့သုံးလေးရက်လောက်ကပဲ အမျိုးသမီးတစ်ယောက်နဲ့တရားဝင်လက်ထပ်လိုက်သည်။