🍁25🍁

5.3K 226 1
                                    

25

Unicode
Zawgyi
~~~~~~

ဦးဆက်နိုင်ပိုင်ဆိုင်သည့်စံအိမ်တော်ထဲတွင် ဦးဆက်နိုင်အတွက်သမီးလည်းဖြစ်
တူမလည်းဖြစ်သည့် ယမင်းသော်တာ၏
ခြေသံတွေခေါ်သံတွေပြည့်လျှမ်းနေခဲ့သည်။

ယမင်းသော်တာအဖို့ ဖေဖေ့ကိုရှာမရလေ
ငိုချင်လာလေဖြစ်သည်။ မနေ့ညက
ထူးထူးဆန်းဆန်း ဖေဖေကသူ့လျှို့ဝှက်ချက်တွေ အားလုံးကိုဝန်ခံလာသည်။
သည်မနက်ကျရော ခြေရာပင်ရှာမတွေ့။

ဖေဖေများဘာဖြစ်သွားလို့လဲ!

သူမအပေါ်ထပ်ကနေတစ်ဖန်အောက်ကိုဆင်းလာပြီး ဖေဖေ့ကိုရှာမိပြန်သည်။
နိုးကတည်းက တစ်အိမ်လုံးကိုပတ်ရှာနေမိသည်မှာအကြိမ်ပေါင်းများစွာရှိနေခဲ့ပြီဖြစ်၏။

"ဘဘသူ ဘယ်ကပြန်လာတာလဲ
ယမင်းဒီလောက်အော်ခေါ်နေတာမကြားဘူးလား ဖေဖေရော''

ယခုမှအပြင်ကနေပြန်လာပုံပေါ်တဲ့
အိမ်တော်ထိန်းက မျက်နှာမကောင်းချေ။
သက်ပြင်းတွေချည်းချနေပြီး မျက်မှန်ကို
ပင့်တင်ရင်း သူမ ကိုမျက်နှာငယ်နှင့်
မော့ကြည့်လာ၏။

အိမ်တော်ထိန်း ဘဘသူဟာ မိမိအိမ်တွင်အလုပ်လုပ်လာတာကြာပြီဖြစ်သော်ငြား
မေမေကတော့ သူ့ကိုတစ်စက်မျှမကြိုက်။
ဘဘသူကလည်း မေမေ့ကိုမကြိုက်ပါ။
သို့သော် ဖေဖေနှင့်မိမိကိုတော့ ဖော်ရွေ
သည်။သည်းခံကောင်းပေးသည်။

"ရှေ့နေကြီးဖုန်းဆက်လာတယ် သမီးဖေဖေကိုလူသေမှုနောက်ကွယ်ကကြိုးကိုင်သူ လူသေမှုကိုဖျောက်ဖျက်ဖို့ကြိုးပမ်းခဲ့သူအနေနဲ့ဖမ်းဆီးထိန်းသိမ်းခံနေရတယ်တဲ့ ''

"ဘာ! အဓိပ္ပါယ်မရှိတာ! ယမင်းဖေဖေကဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး''

ယမင်းသော်တာ ခါးခါးသီးသီးနဲ့ယုံကြည်စွာငြင်းလိုက်သည်။ ဖေဖေ့ကို ယုံကြည်သည်။ ဖေဖေကနှလုံးသားသိပ်လှတာ။
ဒါ ဖေဖေ့ကိုမလိုမုန်းတီးသူတစ်ယောက်ယောက်က တမင်ချောက်တွန်းတာပဲ။

"ဒါဖေဖေသက်သက်လုပ်ကြံခံရတာ
ဒါလုံးဝမဖြစ်နိုင်ဘူး''

ထပ်မံငြင်းဆိုခြင်းနောက်ကွယ် မျက်ရည်တို့ကပါအတားအဆီးလိုက်ပါလာသည်။
ဖေဖေ့ကိုမှဘာဖြစ်လို့!

May(Complete)Where stories live. Discover now