16
Unicode
.
.ဟိန်းမြတ်အိပ်ရာပေါ်ဘေးတစောင်းလှဲကာ နားထင်ကိုထောက်ထားရင်း နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေသောငယ့်ကို
တစိမ့်စိမ့်ကြည့်နေမိသည်။ငယ်ကသူ့ရှပ်အပြာကိုဝတ်ထားပြီး
ရှပ်ကကြီးတော့ ဖရိုဖရဲဖြစ်နေလေသည်။
ရဲအိနေသောနှုတ်ခမ်းလေးက တစ်ခွန်းမကျန် ပြန်ပက်မယ့်နှုတ်ခမ်းလို့မထင်ရပါ။ဂေါ်လီလိုတောက်ပသည့်မျက်ဝန်းက
အလိုမကျမှုတို့ဖြစ်သည့်အခါ သိမ်းငှက်မျက်လုံးလိုစူးရှသွားတတ်သည်။လှုပ်လာသည့်ကိုယ်လေးကို ရင်ခွင်ထဲ
နွေးနေအောင်ထွေးဖက်လိုက်တော့ပြန်ငြိမ်ကျသွားသည်။အနွေးဓာတ်ရှာနေပုံပါပဲ။
ဒီနေ့ကား ငယ့်ကျောင်းပိတ်ရက်မို့ ငယ့်ကို
ဝဝလင်လင် သူအိပ်စေလိုသည်။ သူလည်း
အလုပ်ပိတ်ရက်မို့ ငယ့်မနိုးမချင်း တစ်ချိန်လုံး ထွေးဖက်ထားပေးရင်းဖြင့် ချစ်တဲ့သူအပေါ် သူတာဝန်တစ်မျိုးကျေစေလိုက်ပါသည်။ဟိန်းမြတ်ပြန်အိပ်ပျော်ပြီးမကြာတွင် ရင်ဘတ်ကအဆက်မပြတ်ထုရိုက်ခံလိုက်ရတော့ သူဆတ်ခနဲ ပြန်နိုးလာပြန်သည်။
"ငယ်''
"လွှတ်ဦး ဒီမှာပိနေပြီ''
မျက်နှာကုပ်ကြီးနှင့်ပြောလာသောငယ်ကို
ဟိန်းမြတ် ခပ်ပြုံးပြုံးလေးကြည့်ရင်း ကိုယ်လုံးလေးကိုဖျစ်ညှစ်ပစ်လိုက်သည်။
အသည်းယားလိုက်ရတာဆိုတာလေ
စိတ်ရှိလက်ရှိသာလုပ်လိုက်ရလျှင် ငယ့်
အရိုးတွေကျိုးကုန်လောက်သည်။ကိုယ်တိုင်က ထွားထွားကျိုင်းကျိုင်းဆိုပေမယ့် အကြိုက်ကတော့ ငယ့်လိုပိစိကလေးကိုဖြစ်သည်။
"ငယ် ''
"ဦးစျာန် လွှတ်စမ်းဆို!''
ပြုံးစိစိနဲ့ထပ်စသောကိုယ့်အား အံကြိတ်သံနှင့်ပြောလာပြီး ဗိုက်သားကိုအားပါပါဆွဲလိမ်ပစ်လာတာကြောင့်
"အ့! ငယ် ဟုတ်ပြီ ကိုယ်အရှုံးပေးပြီ''
ဟိန်းမြတ်ကိုယ်ကိုတွန့်လိမ်ရင်း ဗိုက်ပေါ်ကငယ့်လက်ကိုဆွဲဖယ်နေမိသည်။
ငယ့်လက်သည်းကရှည်တော့ ဟိန်းမြတ်
ဗိုက်သားဖြူဖြူဟာရဲတွတ်သွားပြီး သွေးပင်စိမ့်လာသည်။