🍁6🍁

7.5K 393 2
                                    

6

Unicode
.
ဆယ်ရက်ကျော်ကျော်အိမ်ထဲမှာပဲအချိန်
ပြည့်နေ နေရတော့ ခကြွေ အတော်ပင်ပျင်းရိလာလေပြီ။

မိထွေးဆီပြန်လည်ဖို့အတွက် ဦးစျာန်ကို
ခွင့်တောင်းမိတော့ 'မရဘူး'တဲ့။

တကယ်ကိုတစ်ကိုယ်ကောင်းဆန်လွန်းပြီး
ခကြွေကို နည်းနည်းမျှအလေးမထားသော
ဦးစျာန်ပါပဲ။

သူ့ဇနီးလာသွားတဲ့ရက် ညကပင် ခကြွေ ကိုယ့်နေရာကိုယ်အတည်ကြီးသိလိုက်ရသည်။

ဦးစျာန်ကို သူမဆီပြန်ပါ့လား တိုက်တွန်းလိုက်မိတော့ ဦးစျာန်ဆီကမီးတဝင်းဝင်းတောက်နေသောမျက်လုံးတစ်စုံနှင့် ခက်ထန်သောစကားတချို့ကို ခကြွေပြန်
ရလိုက်သည်။

"မင်းနဲ့မဆိုင်ဘူး မင်းအလုပ်ကကိုယ်ထားတဲ့နေရာမှနေ ကိုယ့်စကားနားထောင်
ကိုယ်ကဒါဆိုရင်မင်းလည်းပြီးနေရမယ်''

တဲ့။ ခကြွေ ထိုညက အသံတိတ်ငိုကြွေးခဲ့မိသည်။ သိက္ခာတွေမာနတွေအားလုံးဟာလည်း ဦးစျာန်၏ခြေဖျားအောက် ကုန်းကောက်စရာပင်မရှိတော့အောင် ပျောက်ရှနေကုန်ပြီ။

မချစ်မနှစ်သက်တဲ့လူရဲ့လက်ထဲခကြွေအတော်ပင်မွန်းကြပ်လွန်းနေပြီ။

ရံဖန်ရံခါ ထွက်ပြေးဖို့အထိ ခကြွေ စိတ်အားထက်သန်နေခဲ့သည်။

မနက်စာပင် မစားနိုင်တော့အောင်စိတ်က
လေးလံနေပြီး ပါးစပ်ကလည်းခါးလာသယောင်ရှိနေသည်။

သူ့စိတ်တိုင်းကျလူတိုင်းကိုအမိန့်ပေးရမှကျေနပ်တတ်တဲ့ဦးစျာန်ကတော့ ကော်ဖီကို စိမ်ပြေနပြေသောက်နေနိုင်သည်။

မျက်ရည်တွေရစ်ဝဲလာပြီမို့ ခကြွေ စိတ်ကိုတင်းပြီး မျက်ရည်တွေကိုအတော်ထိန်းချုပ်လိုက်ရသည်။

ဦးစျာန်နဲ့ပတ်သက်ရင် အလိုလိုပျော့ညံ့လာတတ်တာဘာကြောင့်များ။
အရင်ကနေချင်သလိုနေခဲ့တဲ့ဂျပိုး
လူဆိုးဖြစ်တဲ့ငကြွေကိုသာ ခကြွေပြန်လိုချင်မိသည်။

မနက်စာစားပြီးတိုင်းအလုပ်သွားမည့်
ဦးစျာန်ကိုကားနားအထိလိုက်ပို့နေရသည့်တာဝန်အတိုင်း ယနေ့ခကြွေ စိတ်မကောင်းသော်လည်း တာဝန်ကျေပွန်ဖို့ရာလိုက်ပို့ပေးလိုက်သည်။

May(Complete)Where stories live. Discover now