🍁14🍁

6.1K 306 3
                                    

14

.
Unicode

ဟိန်းမြတ်၏ယမင်းသော်တာနှင့်ကွာရှင်းချင်ကြောင်းတောင်းဆိုမှုကို ဦးဟိန်းလွင်
ခေတ္တနှုတ်ဆိတ်ပြီးနောက်

"အဲ့ဒါတွက်Daddyတို့စကားအရင်ပြောဖို့လိုတယ် ဟိန်းမြတ် အခုတော့လာမယ့်
သုံးရက်ကျရင်၁၈ပြည့်မယ့် သားခငယ်လေးရဲ့မွေးနေ့ကိုကြိုဆိုတဲ့အနေနဲ့နေ့လယ်စာ စစားကြတာပေါ့''

Daddyစကားကို ဟိန်းမြတ် ခေါင်းညိတ်ခေါင်းခါမလုပ်ဘဲခပ်တည်တည်သာနေလိုက်သည်။ ယမင်းသော်တာနှင့်ကွာရှင်းဖို့ကို အချိန်ဆွဲနေပုံအရဆိုရင် Daddyမှာ
သေချာပေါက်အကြောင်းတစ်ခုခုရှိရမည်။

ဦးဆက်နိုင်နှင့်ခင်မင်မှုပျက်မှာစိုးလို့လား
ဒါမှမဟုတ် ကုမ္ပဏီမှာ ရှယ်ယာများစွာပိုင်ဆိုင်ထားတဲ့ ဦးဆက်နိုင်က
သမီးကြောင့်ရှယ်ယာပြန်ထုတ်ပစ်လျှင်
ကုမ္ပဏီနစ်နာသွားမှာDaddyကစိုးနေတာလား ။

ဒီလိုဆိုရင်တော့ Daddyကို သူ ပိုမုန်းရလိမ့်မည်။သူ့ သားဖြစ်သူမှာ လုပ်ငန်းတွေမှတစ်ပုံကြီး။ဒါကိုမမြင်ဘဲ သူ့လုပ်ငန်းကိုသာ သဲကြီးမဲ့ကြီးကာကွယ်နေသည်။
မာနကလည်းကြီးတော့ သားဖြစ်သူဆီက
အကူအညီမလိုချင်တဲ့သဘောပဲ။

တလောကလုံးကိုသောက်ဂရုမစိုက်တဲ့နေရာမှာ ဦးဟိန်းလွင်ကသားထက်နံပါတ်တစ်မို့ သားကခက်ထန်နေလည်း
ဦးဟိန်းလွင်အစားကိုမပျက်။

​ဒေါ်ယွန်းစံနီကလည်း တူကိုကိုင်ထားလျက်ဖြင့် ဦးဆက်နိုင်နှင့်ဦးဟိန်းလွင်ကို
ကြည့်ပြီးရင်းကြည့်နေသည်။

သူမပါးစပ်ထဲ ပုစွန်လုံးရောက်လာပါမှ
ဒေါ်ယွန်းစံနီစိတ်နဲ့ကိုယ်ပြန်ကပ်သွား၏။

ဒေါ်ယွန်းစံနီပါးစပ်ထဲပုစွန်လုံးထည့်ပေးခဲ့သူမှာ ခကြွေသာဖြစ်သည်။ တူကြီးကိုင်ထားပြီးငုတ်တုတ်မေ့နေတာများ မရှိခဲ့ဖူးသောရည်းစားဟောင်းကိုပြန်တွေးရင်းဆွေးနေသလို။ တကယ့် အရူးမကြီး!

"များများစား ငယ်''

ဦးစျာန်ကပြောရင်းခကြွေရဲ့ပန်းကန်ထဲ
ဟင်းတွေတစ်မျိုးပြီးတစ်မျိုးထည့်ပေးလာသည်။ ထိုထဲတွင် ခကြွေကြိုက်သည့်
ငါးဖယ်သုပ်စပ်စပ်ကလေးမပါ။

May(Complete)Where stories live. Discover now