🍁29🍁

4.8K 216 1
                                    

29

Unicode
Zawgyi
~~~~~~

ဟိန်းမြတ် ငယ့်ကိုကျောင်းပို့ပြီး ယခုက
ဖေဖေ့အိမ်ကိုရောက်နေသည်။ဖေဖေ့အိမ်ဟာ တိတ်ဆိတ်ခြောက်ကပ်နေတာများ
နေသူမရှိတဲ့အတိုင်း။ဒါတောင်တစ်လမရှိသေး။ အလုပ်သမားတွေလည်းအသီးသီးထွက်သွားကုန်ကြပြီး ဒေါ်ခင်အိစံ
တစ်ယောက်သာရှိနေသည်။

ဟိန်းမြတ် လာရသည်မှာဖေဖေ့အိမ်ကို
ဖေဖေ့သဘောအတိုင်း လုပ်ဆောင်ပေးဖို့ဖြစ်သည်။

ဖေဖေက မွေးစားညီမဖြစ်တဲ့ဒေါ်ခင်အိစံကို စိတ်ပျက်လွန်းသဖြင့် သေသေရှင်ရှင်
ပစ်ထားနေတာကြာပြီဖြစ်သည်။အိမ်ထဲအတူနေတယ်ဆိုတာကလည်း
ယမင်းသော်တာမျက်နှာကြောင့်သာဖြစ်၏။

သူ့အိမ်တွင် ယမင်းသော်တာမရှိတော့ပါက
အိမ်ကိုအပြီးတိုင်ချိတ်ပိတ်ပေးဖို့ ဖေဖေက
နိုင်ငံခြားထွက်ခွာသည့်နေ့တွင်မှာကြားခဲ့သည်။ အတွင်းယုတ်တဲ့ဒေါ်ခင်အိစံ မယုံမှာသိတဲ့အတွက်ကြောင့်လည်း ဟိန်းမြတ်
ရှေ့နေကိုပါတစ်ပါတည်းခေါ်လာခဲ့သည်။

"ဦးမှူးဆက်နိုင်ရေးထားချက်အရ ဒီအိမ်မှာ
သူ့သမီးမယမင်းသော်တာမရှိရင်တခြားဘယ်သူမှလည်းနေခွင့်မရှိပါဘူး အိမ်ကို
အပြီးတိုင်ချိတ်ပိတ်ထားရပါမယ် ၁၀အထိ
သူ့သမီးမယမင်းသော်တာပြန်မလာရင်တော့ အိမ်ကိုသားဖြစ်တဲ့
မောင်ဟိန်းမြတ်စျာန်မှူးကအပြီးပိုင်ဆိုင်
ခွင့်ရရှိသွားမှာပါ''

ဒေါ်ခင်အိစံက ဦးမှူးဆက်နိုင်၏ရှေ့နေပြောသမျှကိုခေါင်းငုံ့ရင်းနားထောင်နေသည်။သူမပုံစံက လကြာရှည်ဖျားနေတဲ့သူတစ်ယောက်လို ဖြူဖပ်ဖြူရော်ဖြစ်နေသည်။သမီးဖြစ်သူထွက်ခွာသွားသည့်ရက်ကစ၍ သူမစိတ်နဲ့ကိုယ်မကပ်တော့ချေ။

"ကျွန်တော်ပြောတာသဘောပေါက်ပါသလား မခင်အိစံ''

ရှေ့နေကထပ်ပြီးအသံပေးမှ ဒေါ်ခင်အိစံဟာ သတိကပ်လာပြီး ခေါင်းကိုညိတ်တော့သည်။

"သဘောပေါက်ပါတယ် ကျွန်မအခုပဲဆင်းတော့မှာပါ''

သမီးဖြစ်သူက လက်ဗလာနှင့်ဆင်းသွားသည့်အခါ သူမလည်းသမီးဖြစ်သူအတိုင်း
လက်ဗလာနှင့်သာဆင်းသွားနေသည်။
စိတ်မမှန်သည့်လူလို သူမသွားနေပြီး သူမ ခြံအရှေ့ရောက်သွားချိန်မှာတော့ ဘယ်အချိန်ကလိုက်လာမှန်းမသိတဲ့ဟိန်းမြတ်က သူမရှေ့ပိတ်ရပ်လာ၏။

May(Complete)Where stories live. Discover now