🍁15🍁

6.2K 281 1
                                    

15

Unicode
.
.
ငယ့်ကိုကျောင်းပို့ပြီး ကုမ္ပဏီသို့အသွားလမ်းမှာ ဝင်လာတဲ့ဖုန်းကို ဟိန်းမြတ်
မကိုင်ချင် ကိုင်ချင်နဲ့ကိုင်လိုက်ပါသည်။

ယမင်းသော်တာနှင့်ကွာရှင်းဖို့ကိုရက်ရွေ့နေကတည်းက Daddyကိုသူပိုတင်းလာခဲ့သည်။ အရင်လိုအကြာကြီးပစ်ထားချင်ပေမယ့် ယခုကား ငယ်ရှိနေသည်။

Daddyကသူ့လောက်အင်အားရှိတာ
ကြောင့် ငယ့်ကိုမထိဖို့ရာ သူDaddyကို
သည်းခံနေရသည်။

သူ ငယ့်ကိုအတင်းလုပ်ယူခဲ့သည့်ညအပြီး
မနက်တွင် Daddyဆီက စာတစ်စောင်သူရလိုက်သည်။

💬 မင်းကောင်လေးတစ်ယောက်တွေ့ထားတယ်လို့ငါသတင်းရထားတယ်ဟိန်းမြတ်
ဘာဖြစ်ဖြစ်ငါ့အတွက်သတင်းကောင်းပဲ
အဲ့ကောင်လေးကိုမထိစေချင်ရင် ငါ့ကိုမင်းအဖေမှန်းပြန်သတိရ💬

သည်စာကြောင့် သူအနှစ် နှစ်ဆယ်ကြာကြာဖြတ်ချလိုက်သည့်Daddyနဲ့ဆက်ဆံရေးကို သူပြန်ဆက်လိုက်ရသည်။
ချစ်တဲ့သူကိုမထိစေချင်တာကြောင့် Daddyနဲ့အတိတ်ကအဖြစ်ကို သူခဏမေ့ထားလိုက်ရသည်။

Daddyကြောင့်သူ လူဖြစ်လာတာမို့
သူဘယ်လောက်စွမ်းစွမ်းDaddyကိုနိုင်ဖို့
ခဲယဥ်းသည်။ အဖေဖြစ်နေတော့ခြေရာပိုကျယ်ပါသည်။

Daddyငယ့်ကိုကောင်းကောင်းမွန်မွန်လက်ခံခဲ့ပြီဆိုပေမယ့် လူတစ်ယောက်ရဲ့အတွင်းစိတ်ကိုမမြင်နိုင်တာကြောင့် သူပဲဆက်ပြီး အရှုံးပေးရပြန်သည်။

အဖေဖြစ်နေပါစေအတွင်းစိတ်ကိုသူမမြင်နိုင်တာကြောင့် သူမယုံနိုင်ပါ။

Daddyဟာ ဇနီးဖြစ်တဲ့မေမေကိုတောင်
ပြန်သတ်တဲ့အထိရက်စက်နိုင်သူမို့!

"ဘာလဲ''

"မင်းလေသံကဘာဖြစ်တာလဲဟိန်းမြတ်''

မေမေ့အကြောင်းပြန်တွေးရင်းဟိန်းမြတ်
အသံမာသွားတော့ တစ်ဖက်ကDaddy
ကလည်း ချက်ချင်းတင်းမာလာသည်။

ဒါပဲ Daddyကယခုထိသူ့အမှားကိုမမြင်နိုင်သေး။

"​ပြောစရာရှိတာပြောစမ်းပါ''

သူပြန်ပက်တော့ Daddyက သက်ပြင်းနဲ့အတူ အံကြိတ်သည်။

"မင်းကွာရှင်းချင်ရင် လိုက်နာရမှာရှိတယ်''

May(Complete)Where stories live. Discover now