🍁28🍁

4.8K 209 3
                                    

28

Unicode
Zawgyi
~~~~~~

ခကြွေ နောက်တစ်နေ့ ကျောင်းကအပြန်တွင် ဦးစျာန်ဆီက မျှော်လင့်မထားသည့်
သတင်းတစ်ပုဒ်ကြားလိုက်ရသည်။ သို့သော် ခကြွေယခုထိမယုံနိုင်သေး။

ရာဇမိဘတွေက ဦးစျာန်ဆီရောက်လာပြီး
သားဖြစ်သူရာဇနှင့်ဦးစျာန်၏ညီအဖြစ်ရှိနေသူ ပိုင်ပိုင်ကိုစေ့စပ်ထားစေလိုကြောင်းပြောလာသည်။

အကြောင်းပြချက်ကမူ နှစ်ဖက်ပေါင်း၍
စီးပွားရေးကိုပိုခိုင်မြဲလာစေဖို့ဖြစ်သည်။

ရာဇမိသားစုက နိုင်ငံတစ်ဝန်းတွင်ရွှေဆိုင်ပေါင်းများစွာဖွင့်ထားသည့် ရွှေသူဋ္ဌေး
ငွေသူဋ္ဌေးများဖြစ်သည်။ ဦးစျာန်ကလည်း
လုပ်ငန်းပေါင်းများစွာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့ ကျိကျိတက်လူချမ်းသာဖြစ်သည်။ထို့ကြောင့် ပေါင်းစပ်လိုက်ပါက
အင်အားအဆမတန်ကြီးမားလာမည်။

ထိကပါးလုပ်ရဲတဲ့လူရှိမှာမဟုတ်တော့သလို အားလုံးကအားကျကုန်ကြလိမ့်မည်။ ရာဇနှင့်ပိုင်ပိုင်သာစေ့စပ်ဖြစ်ပါက
မိသားစုနှစ်ခုလုံးအတွက်အကျိုးအမြတ်များစွာရရှိလိမ့်မည်။

သို့ပေမယ့် ဦးစျာန်ကတော့ငြင်းဆိုထားပြီး
ပိုင်ပိုင့်သဘောထားကိုသာစောင့်ကြည့်နေသည်။ပိုင်ပိုင်ကလည်းကျောင်းကပြန်ရောက်ပြီမို့ ဒါကိုသိပြီးလောက်သည်။

"ရာဇဘက်ကပိုင်ပိုင်ကိုချစ်လို့ကြိုက်လို့ဆိုဟုတ်သေး စီးပွားရေးကိုအကြောင်းပြပြီးစေ့စပ်တာကတော့မဟုတ်သေးပါဘူး''

ခကြွေ မကြိုက်သည့်အချက်ကိုထုတ်ဖော်ပြောလိုက်သည်။ဦးစျာန်ကလည်းခေါင်းညိတ်ကာထောက်ခံနေသည်။

"ကိုယ်ရာဇကိုလှမ်းခေါ်လိုက်မယ် ငယ်က
ပိုင်ပိုင့်ဆီသွား''

"ဟုတ် ဦးစျာန်''

ခကြွေ ပိုင်ပိုင့်အခန်းကိုမပြေးရုံတမယ်
ခပ်မြန်မြန်နှင့်သွားလိုက်တော့သည်။အခန်းထဲတွင် ဘဘတင်ကအိပ်နေပြီး
ပိုင်ပိုင်က ဝရန်တာတွင်လက်ထောက်ရင်း
အပြင်ကိုငေးနေသည်။ကျောခိုင်းထား
သည်မို့ ခကြွေဝင်လာတာကိုမမြင်လောက်ချေ။ခကြွေလည်း ဝရန်တာကိုထွက်ပြီးစကားသံများအထဲမဝင်ရအောင်တံခါးကို
ပြန်ပိတ်ထားလိုက်သည်။

May(Complete)Where stories live. Discover now