🍁20🍁

5.6K 236 1
                                    

20

Unicode

"သခင်လေးရောက်နေပါတယ် သခင်ကြီး''

အိမ်တော်ထိန်းစကားကြောင့် ဦးဟိန်းလွင်
တစ်ယောက် စာဖတ်ရာကနေ တွေဝေသွားသည်။ သူယခုရောက်နေတာကအိမ်၏
စာကြည့်ခန်းထဲဖြစ်သည်။

သူမခေါ်လျှင်သူ့ဆီတစ်ခါမှမလာတဲ့သားကယခုသူ့ဆီလာလည်သတဲ့လား။

ဦးဟိန်းလွင် မကောင်းသည့်အငွေ့သက်ကိုခံစားမိနေသည့်အခါ လေးလံသော
ပင့်သက်ကိုရှိုက်တော့သည်။
ပြီးသည့်အခါ ဖတ်လက်စ စာအုပ်ကိုပိတ်ပြီးမျက်မှန်ကိုချွတ်လိုက်သည်။

သူ့တွင်လည်းကြီးမားသောပြသနာတစ်ခုရှိနေသည်။ပြသနာကား သားဖြစ်သူကို
ဆက်နိုင်အကြောင်းသူပြောပြချင်သည်။
ဆက်နိုင်ကိုလက်ခံပေးဖို့ သားကိုသူတောင်းဆိုချင်သည်။

သို့နှင့် သားဆီကလက်ခံမှုရဖို့သူအတော်
ကြိုးစားရလောက်သည်။ သားကစဥ်းစားတွေးခေါ်တတ်တဲ့အရွယ်ဖြစ်နေပြီဆိုပေ
မယ့် သည်ကိစ္စက စိတ်ကူးထားသည်ထက်
နောက်ဆက်တွဲပိုကြီးမားသည်။

ထို့ထက် သားက သေဆုံးသွားသော
အနှီမိန်းမ နှင်းဆီမေ ကို သူ့အမေလို့သာ
ထင်မှတ်နေသည်။ သို့ကြောင့်အခန့်မသင့်ဘဲစကားမှားသွားလျှင်သားက မိမိကို အိမ်ထောင်ရေးဖောက်ပြန်သူတစ်ယောက်အဖြစ် ထင်ကောင်းထင်နေလိမ့်မည်။

ဆက်နိုင်ကိုလည်းအထင်လွဲပြီးရွံရှာမုန်းတီးနိုင်လောက်သည်။

ပေါ့တိပေါ့ပျက်ကိုင်တွယ်၍မရသည့်ကိစ္စမို့ သားကို သူကိုယ်တိုင် ဒီနေ့ပဲ အမှန်တရားတွေကိုဖွင့်ချလိုက်မည်။

ရလာမယ့်ရလဒ်မှန်သမျှ ကောင်း၏ဆိုး၏
ကို သူကျေကျေနပ်နပ်နှင့်လက်ခံနိုင်သည်။
ချစ်တဲ့သူဆက်နိုင်ကို မထိပါးသရွေ့တော့
သားဖြစ်သူကိုသူအလျှော့ပေးနိုင်အောင်ကြိုးစားမှကိုဖြစ်မည်။

ဦးဟိန်းလွင် စာကြည့်ခန်းရဲ့အပြင်ဘက်ကိုထွက်လိုက်တော့ အပြင်တွင်သူ့ကို
ရပ်စောင့်နေသည့်အိမ်တော်ထိန်းက ခေါင်းအနည်းငယ် ညွှတ်လာရင်း

"သခင်လေးက သခင်ကြီးအိပ်ခန်းထဲကိုဝင်သွားပါတယ်''

သည်စကားကြောင့် ဦးဟိန်းလွင် အိမ်အောက်ထပ်ကိုသွားဖို့ပြင်နေသည့်သူ့ခြေနှစ်ဖက်ကိုပြန်ရုတ်ပြီး စာကြည့်ခန်းမျက်နှာချင်းဆိုင်က သူ့အိပ်ခန်းထဲကိုသာပြန်ဝင်လိုက်သည်။

May(Complete)Where stories live. Discover now