🍁17🍁

5.5K 254 0
                                    

17

Unicode
.
.
ကိုယ်တိုင်မမွေးရသော်လည်း ရင်နှင့်အမျှ
ချစ်ရသည့်သားတော်မောင်၏အရှာကို
မသိဘဲ ဒေါ်ယွန်းစံနီရောက်နေသည်မှာ
Hotpot ဆိုင်ကြီးတစ်ခုထဲကိုဖြစ်သည်။

အိမ်၌သာအချိန်ကုန်နေရတာကြောင့်
သူမ အလိုလိုပျင်းရိလာရာကနေ အပြင်ကို
ထွက်လည်ခြင်းဖြစ်သည်။

အရင်လိုသူများဆိုင်တွင်ဝန်ထမ်းသွားလုပ်လျှင် သားတော်မောင်ကပွားလိမ့်မည်။
သားမက်က သူဋ္ဌေးကြီးဖြစ်နေတာကြောင့်
သူမကလည်း အနေအထိုင်ဆင်ခြင်ရတော့သည်။

လွန်ခဲ့သောရက်တွင် သားမက်က သူ့အိမ်မှာ လာနေဖို့ကမ်းလှမ်းခဲ့သည်။သို့ပေမယ့် ဒေါ်ယွန်းစံနီ ချက်ချင်း ငြင်းလိုက်သည်။အထက်တန်းဆန်ဆန်နေရမှာကို သူမ
မမက်မော။ သူမ မက်မောတာက ကိုယ့်အိမ်ကိုယ့်ယာမှာလွတ်လွတ်လပ်လပ်နဲ့
ပေါ့ပေါ့ပါးပါးနေခြင်းဖြစ်သည်။

သည်မနက် ခကြွေဆီသွားလည်ဖို့သူမအကြံရပါသေးသည်။သို့သော် အပတ်တိုင်းသွားလျှင် သားမက်ကကြည်ဖြူပါ့
မလား မျက်လုံးနဲ့ကြည့်ရုံနှင့်မသိနိုင်တာကြောင့် သူမ မသွားဖြစ်တော့ပါ။

သူမ မသွားဖြစ်တာလည်းကောင်းသည်။
Hotpot ဆိုင်တွင်လာဆုံသည့်ဇက်က
'Bossဒီနေ့တစ်နေကုန်အိမ်မှာပဲရှိနေလိမ့်မယ်' ဟု ပြောလာသည့်အခါ ဒေါ်ယွန်းစံနီ
'တော်ပါသေးရဲ့'လို့သာ ရည်ရွတ်နိုင်တော့သည်။

မဟုတ်လို့သူမ စောဒကတက်ခဲ့မိလျှင်
သားမက်နှင့်သားတော်မောင်ကြားက
အချိန်တွေကို သူမလုယူသွားသလိုဖြစ်နေလိမ့်မည်။

"ဝိုင်ယူမလား အစ်မယွန်း ''

"အစ်မ မသောက်တတ်ဘူး မောင်လေး''

ဇက်က ၂၈နှစ်ဖြစ်ပြီး သူမနှင့်ယှဥ်လျှင်
ခြောက်နှစ်ခွဲငယ်သည်။သားမက်အမိန့်နဲ့ အမြဲအကြိုအပို့လုပ်ပေးတဲ့ ဇက်က
သူမအတွက်တော့မောင်အရင်းလိုခင်မင်ရသူဖြစ်သည်။

အသားဖြူဖြူနှင့်ရှမ်းကပြားလေးဖြစ်ပြီး
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းလေးဖြစ်သည်။

"ဒါနဲ့ ငါ့မောင်ဇက်မှာ ချစ်သူမရှိဘူးလား
တစ်ယောက်တည်းဆိုင်လာတာဆိုတော့''

May(Complete)Where stories live. Discover now