🍁11🍁

6.6K 339 3
                                    

11

Unicode

.

ခမည်းခမက်နှင့်တွေ့ဆိုပွဲပျက်သွားပြီးနောက် ဒေါ်ယွန်းစံနီ အိမ်ပြန်ဖို့ကိုသာရွေးချယ်ခဲ့သည်။သို့နှင့် သူမ၏အပြန်လမ်းကို အနှီမိန်းမနှင့်ပါလာသည့်လူတချို့ကပိတ်ရပ်ထားသည်။

ပြသနာမဖြစ်ချင်သဖြင့် သူမ ရေကူးကန်နံဘေးဖြတ်လမ်းကနေပြန်ဖို့​ခြေလှမ်းပြန်ဆုတ်လိုက်သည်။

သို့ရာတွင် ကိုက်ချင်သည့်ခွေးက သူမသွားရာနောက်တကောက်ကောက်လိုက်ပါနေသည်။

"ဘယ်သူများလဲကြည့်နေတာ လက်စသတ်တော့ အခြောက်လေးရဲ့
အမေကိုး"

လူကိုတမင်အငြိုးထားပြီးခနဲလာသော
အမျိုးသမီးငယ်ကို ဒေါ်ယွန်းစံနီ သေချာစိုက်ကြည့်ပေးလိုက်သည်။ လူက နတ်သမီးအလားလှလွန်းပေမယ့် အပြောအဆိုကတော့အတော်ရိုင်းသည်။

မိမိကအသက်ကြီးနေပြီ။ သုံးဆယ်ကိုကျော်နေပြီမို့ အသက်ကြီးတဲ့အထဲပါသည်မဟုတ်လော။

အနှီမိန်းကလေးကား နှစ်ဆယ်ကျော်လောက်သာရှိမည်။မိမိညီမငယ်အရွယ် မိမိကသမီးမွေးလျှင်မိမိသမီးထက်အနည်းငယ်သာကြီးနိုင်သည့်ကလေး
တစ်ယောက်နှင့်ပြိုင်ပြီးရန်မဖြစ်ချင်လို။

သို့ကြောင့် စိတ်ကိုအတတ်နိုင်ဆုံးထိန်းပြီး
အနှီမိန်းကလေးကို ပြုံးပြလိုက်သည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ ညီမ''

"ဘာဖြစ်ရမှာလဲ ရှင့်သားအခြောက်ကောင်ကျွန်မယောက်ျားကိုလုယူတဲ့ကိစ္စ ကျွန်မလုံးဝအခဲမကျေဘူးနော် မုဆိုးမဖြစ်တာနဲ့ပဲ ကိုယ့်သားကိုသူများလင်တွေဆီချူစား
ဖို့သွန်သင်ရသလား ''

"အော် ခက်တယ် ဒီမှာ ငါ့သားကလေမောင်ဟိန်းမြတ်ကိုမြင်တောင်မ​မြင်ဖူး
သိတောင်မသိဖူးဘူး သူ့ဟာသူဂိမ်းဆော့
ရန်ဖြစ် ပြသနာရှာဖို့ပဲသိခဲ့တာ ဒါပေမဲ့
မောင်ဟိန်းမြတ်ကပဲသူ့ကိုအတင်းယူခဲ့တာပါ ''

"ပေါက်ကရတွေလျှောက်မပြောစမ်းနဲ့
ကျွန်မယောက်ျားကအခြောက်မဟုတ်ဘူး
ရှင့်သားကသာ ရွံစရာအခြောက်ကောင်ဖြစ်နေတာ အဲ့တာမြဲမြဲမှတ်ထား!''

May(Complete)Where stories live. Discover now