🍁27🍁

4.9K 224 1
                                    

27

Unicode
Zawgyi
~~~~~~

"ဘာဖြစ်နေတာလဲ သမီး''

လွန်တာထက်ပိုတိတ်နေသောသမီးဖြစ်သူကြောင့် ဒေါ်ခင်အိစံတစ်​ယောက် ကြည့်ရုံလေးမကြည့်နိုင်တော့ဘဲ မေးလိုက်တော့၏။

မနေ့ကလည်းအခန်းထဲကမထွက် ဘာဆိုဘာမှမစားဘဲ အခန်းကိုသော့ပိတ်ပြီးနေ နေသည်။ညရောက်ပြန်တော့ တစ်အိမ်လုံးကိုအမှောင်ချပြီးနေ နေသည်။ မိခင်ဖြစ်တဲ့
ဒေါ်ခင်အိစံမှာတောင် မီးဖွင့်ချင်တာကို
မဖွင့်ရဲဘဲ တစ်ညလုံးအမှောင်ထဲမှာပဲနေ နေရသည်။

မနက်ရောက်ပြန်တော့ သမီးဖြစ်သူ က
လူသေလို တိတ်နေပြန်တာကြောင့်
ဒေါ်ခင်အိစံ အောင့်အည်းမခံနိုင်တော့ချေ။

"မေးနေတယ်လေ သမီး!''

မေးနေတာကိုအဖတ်မလုပ်တာကြောင့်
ဒေါ်ခင်အိစံအသံမာသွား၏။ထိုအခါ
အနီရောင်နှင်းဆီပန်းပွင့်ဂါဝန်နှင့်ပြတင်းပေါက်ကိုမျက်နှာမူထားသည့်
သူမ၏သမီးဖြစ်သူက သူမကိုဆတ်ခနဲ
လှည့်ကြည့်လာသည်။

"တွေးနေတာ ဘာလို့ဖေဖေလူသတ်လုပ်ကြံခိုင်းတဲ့သက်သေက မေမေ့လက်ထဲရောက်နေရတာလဲဆိုတာကို မဟုတ်မှ
မေမေပဲမဟုတ်လား''

"သမီး!''

ဒေါ်ခင်အိစံလန့်ဖျပ်သွားသည်။သူမ၏သမီးက နဂိုကထက်​အေးစက်နေပြီး သူမကိုဝါးစားတော့မတတ်စိုက်ကြည့်နေသည့်အပြင် စကားကိုအံကြိတ်ပြီးပြောနေသည်။

"ဖေဖေ့အခန်းထဲကတွေ့တာလို့မပြောနဲ့နော် ယမင်းလောက်ဖေဖေ့အခန်းကိုမွှေနိုင်တာ ယမင်းပဲရှိတယ် ငယ်ငယ်ကတည်းကအခုထိ ဖေဖေ့အခန်းမှာယမင်းကိုစိတ်ပျက်စေမယ့်အရာ ယမင်း မတွေးဖူးသေးဘူး ''

"ဒါ ဒါက''

"မေမေအဲ့သက်သေကိုဘယ်ကရှာတွေ့ခဲ့တာလဲ ဖေဖေ့အခန်းထဲကတွေ့တာဆိုရင်
ဘယ်ထောင့်ကလဲဘယ်နေရာကလဲပြော
ဖေဖေ့အခန်းထဲကိုအမြဲဝင်နေတဲ့ယမင်းတောင်မတွေ့ခဲ့တာ မေမေဘယ်ကရှာတွေ့ခဲ့တာလဲဆိုတာအတိအကျပြောပြ''

ဒေါ်ခင်အိစံတစ်ယောက် သူမအပေါ်သူမသမီးရဲ့မသင်္ကာစိတ်များပျောက်ဖို့ကို
အလိုရှိနေသည်။ထို့ကြောင့် အဓိပ္ပါယ်ရှိ
မည့်အကြံတွေကိုသူမစဥ်းစားနေသည်။

May(Complete)Where stories live. Discover now