🍁3🍁

8.5K 425 3
                                    

3
.
Unicode

လူကအလုပ်မှာရှိနေသော်ငြား အာရုံကတော့ အိမ်ကကြွေရုပ်လေးဆီ၌သာ
တဝဲလည်လည်ဖြစ်နေခဲ့သည်။

သူလေးအကြောင်းတွေးမိတိုင်းကိုယ့်မှာအလိုလိုပြုံးမိလာသည်။

သူလေးကကိုယ့်အတွက်တော့မြင်တိုင်းရင်အစုံအေးချမ်းစေ တွေးမိတိုင်းကြည်နူးစေ
သော ဆုလာဘ်ကလေးပင်။

နှစ်နာရီကြာအစည်းအဝေးထဲတွင်လည်း
အာရုံက သူလေးဆီသာရောက်နေရာ
ဟိန်းမြတ်မှာအပြုံးတွေဖူးပွင့်နေရ၏။

အစည်းအဝေးပြီးသည်နှင့်အင်္ကျီအိတ်ထောင်ထဲကဖုန်းကိုရေးကြီးသုတ်ပျာ
ထုတ်နေမိသည်။

ဟိန်းမြတ် ဒီလုပ်ငန်းမှာအကြီးဆုံးဖြစ်ပေ
မယ့် သူချထားတဲ့စည်းကမ်းကိုတော့ သူကိုယ်တိုင်လည်း လိုက်နာ​နေခဲ့သည်။

အစည်းအဝေးကျင်းပနေစဥ် ဖုန်းမသုံးရ
ဆိုသည့် စည်းကမ်းချက်ကို လျစ်လျူရှုနိုင်စွမ်းသူ့မှာရှိသော်လည်း ဟိန်း​မြတ်ဆိုသော
လူဟာ အားလုံးကလေးစားအတုယူရတဲ့အထိ  သူကိုယ်တိုင်ချမှတ်ထားသောစည်းကမ်းတွေကိုသူကိုယ်တိုင်လည်းလိုက်နာပြီး တည်တည်တံ့တံ့နဲ့ နေရာတိုင်းကိုခေါင်းဆောင်နိုင်သောသူ။

အစည်းအဝေးခန်းမမှရုံးခန်းထဲထိ အာရုံတွေက သူလေးတစ်ယောက်ဆီ၌သာ။

စားပွဲပေါ်က အထိုင်ကွန်ပျူတာကို လိုရာ
နှိပ်ယူလိုက်ပြီးနောက် ဟိန်းမြတ်၏အပြုံးခပ်နွေးနွေးက တစ်ရုံးခန်းလုံးကိုဖုံးလွှမ်းသွားတော့သည်။

ကွန်ပျူတာမျက်နှာပြင်ထက် ရှိနေသော
သူလေးဟာ အဖြူရောင်အိပ်ကုတင်ပေါ်ကန့်လန့်ရှိနေပြီး ဟိန်းမြတ်သုံးသည့်ခေါင်းအုံးကိုတင်းတင်းဖယ်ရင်းအိပ်နေလေသည်။

ကွန်ပျူတာမျက်နှာပြင်ထက် အိမ်မှလှုပ်ရှားမှုတွေအကုန်ပေါ်နေလေပြီး
အဓိကရည်ရွယ်သည်မှာ သူလေးတစ်ယောက်သာဖြစ်သည်။

ကိုယ်မရှိသည့်အချိန်အတွင်းတစ်ခုခုဖြစ်သွားမှာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်လှပါသည်။

ရေချိုးခန်းထဲပါ Cctv တပ်ထားရတဲ့အထိ
ကိုယ်ဟာသူလေးနဲ့ပတ်သက်ရင် ခြင်ကိုက်ရာလေးတစ်စက်မျှတောင်မမြင်ချင်တဲ့အထိ ကိုယ့်အချစ်က အတ္တကြီးသည်။

May(Complete)Where stories live. Discover now