🍁24🍁

5.3K 234 6
                                    

24

Unicode
Zawgyi
~~~~~~

ဒေါ်ယွန်းစံနီ ယခုရောက်နေသည်မှာ
ဟိန်းမြတ်အိမ်ကိုပဲဖြစ်သည်။ မလိုက်ပါဘူးပြောတာတောင်အတင်းဆွဲခေါ်တဲ့
လူတွေကြောင့် သူမ မတတ်နိုင်ခဲ့။

ဒါတွေအားလုံးက ခကြွေအမိန့်တဲ့!
မသာလေး လင်အားကိုးနဲ့မိုက်နေတာ။

မနေ့ညကတည်းက ရောက်နေတာဖြစ်ပေမယ့် ခကြွေအရိပ်နဲ့တူတဲ့အရိပ်ယောင်ကို
မတွေ့ရသေး။

အိမ်စရောက်တော့ မောင်ဟိန်းမြတ် က
'ခကြွေအိပ်နေပြီ' ဟူ၍ လာပြောသွားသည်။ အခန်းလည်းစီစဥ်ပေးသည်။

သောက်မသာလေးက တမင်ကိုအိပ်နေတာပဲဖြစ်ရမည်။

မနက်ရောက်ပြန်တော့ နှစ်ယောက်လုံးရဲ့အရိပ်အယောင်ကိုမတွေ့ရ။
မောင်ဟိန်းမြတ်ရဲ့မွေးစားညီဖြစ်တဲ့
ဆေးကျောင်းသားလေးသာလာသွားသည်။ ကျောင်းပိတ်သည် ဟူ၍ အဖော်နေပေးမည်လုပ်သည်။ ကလေးကစာကျက်ဖို့ရှိမှာပဲ။ ထို့ကြောင့် စာကျက်ဖို့ကိုတိုက်တွန်းလိုက်ရ၏။

မနက် ၉နာရီရှိသွားသောအခါ ဒေါ်ယွန်းစံနီ အခန်းထဲကနေ အောက်ထပ်ကိုဆင်းလိုက်သည်။ တစ်ချိန်လုံး အခန်းထဲအောင်းရတာ ပျင်းလိုက်တာလွန်ပါ၏။

ဟိုမသာလေးက မိမိကိုအိမ်ထွက်ခွင့်ပိတ်ထားသည်။ လင်အားကိုးနဲ့လူပါးဝနေတာ။
တွေ့မှ အားရပါးရကိုပြောပစ်ဦးမည်။

နောက်ထပ်နာရီဝက်အကြာမှာတော့ ခြံဝင်းထဲကားတစ်စီးဝင်လာသည်။ ပါကင်အရင်ထိုးနေပုံထောက်လျှင်
ဒါ မောင်ဟိန်းမြတ်ပဲ။ဒေါ်ယွန်းစံနီ ဧည့်ခန်းကနေ ကြည့်နေတုန်းမှာပဲ အိမ်ထဲကို
ဟိန်းမြတ်နှင့်ခကြွေက လက်တွဲထားရင်းဝင်လာသည်။

ဟိန်းမြတ် ဒီမနက် Daddyအိမ်ထပ်သွားပြန်သည်။ ပြီးပြန်တော့ ဖေဖေ့ဆီထပ်သွားသည်။ ဖေဖေ့ကိုရင်မဆိုင်ရဲသေးတာ​ကြောင့် ဟိန်းမြတ် ကားထဲမှာပဲ ငယ့်ကို
ထိုင်စောင့်နေခဲ့သည်။

ဖေဖေက ငယ့်အစီစဥ်ကိုလက်ခံခဲ့သည်။
ဝမ်းသာလို့ပြေးဖက်ချင်သော်ငြား
ဟိန်းမြတ် မဝံ့မရဲဖြစ်နေမိဆဲ။

အိမ်ကိုပြန်အရောက်မှာ စောင့်ကြိုနေတဲ့
ဒေါ်ယွန်းစံနီကို ဟိန်းမြတ် အပြုံးလေးနှင့်နှုတ်ဆက်လိုက်သည်။ဒေါ်ယွန်းစံနီကလည်း သူ့ကိုအပြုံးနှင့်ပြန်နှုတ်ဆက်သည်။
သို့ပေမယ့် ငယ်ကိုတော့ ပေစောင်းစောင်းနဲ့ကြည့်နေသည်။

May(Complete)Where stories live. Discover now