9
Unicode
ကျောင်းပြန်တက်ခွင့်ရပါသော်လည်း
ခကြွေ အပြည့်အဝမပျော်နိုင်ပါ။ဦးစျာန်က သူ့လက်အောက်ရှိနေတဲ့ကျောင်းကိုပဲတက်ရမည်တဲ့။
ခကြွေအသိတွေတစ်ယောက်မှမရှိသလို
လူချမ်းသာတွေတက်တဲ့ကျောင်းကိုလည်း
ခကြွေ မတက်ချင်။အတွန့်တက်မိတော့ သူ့ထားပေးတဲ့ကျောင်းကိုမတက်ဘူးဆိုလျှင် ကျောင်းဆက်မတက်နဲ့တော့ တဲ့။
တစ်နေ့က 'မင်းလေးက ကိုယ့်အသည်းသက်လေး' ဆိုပြီး ပြောခဲ့တဲ့ဦးစျာန်ဟာ
ယခုတော့ သူမဟုတ်တဲ့အတိုင်းပါပဲ။သူကဒါဆိုရင် ကိုယ့်မှာထပ်ပြီးအတွန့်တက်ပိုင်ခွင့်မရှိ။ သူမှသူအတ္တကြီးတဲ့
ဦးစျာန်မှာ ချစ်တတ်တဲ့အသည်းနှလုံး
မရှိပါချေ။အမိန့်တွေချည်းပေးတတ်တဲ့နှုတ်ခမ်းဖျားဟာချိုသာသောစကားလုံးလေးတွေထွက်လာဖို့ခဲယဥ်းမှန်းသိပါလျက်မျှော်လင့်နေမိတဲ့ကိုယ့်ကိုယ်ကိုယ့်လည်း စိတ်ကုန်လှပါပြီ။
ကလေးသာသာစိတ်ရယ်မို့ တစ်ခါတလေ အလိုလိုက်အကြိုက်ဆောင်ပြီးအချစ်ခံချင်မိတာ ခကြွေ မမှားလောက်ချေ။
"အပေါ်ကုတ်ပါထပ်ဝတ် ငယ်''
ကျောင်းသွားဖို့ကိုလည်း သူ့စိတ်ကြိုက်
သူရွေးချယ်ပေးသည့်အဝတ်အစားကိုသာဝတ်ပေးရသည်။ကျောင်းသွားမှာမို့ လက်ဝတ်တန်ဆာတွေမဝတ်ချင်သော်လည်း ဦးစျာန်က ခွင့်မပြုတော့ ခကြွေမှာ လက်ဝတ်တန်ဆာတွေဝတ်ပေးရပြန်သည်။
ကျောင်းလာတာလား ရှိူးပွဲလာတာလား
ဟူသည့် အကြည့်တွေကို ခကြွေမလိုချင်သော်လည်း ခကြွေဝတ်ထားပုံကိုကပြောစရာဖြစ်နေတော့ တကယ်ကိုပဲမွန်းကြပ်လွန်းလှပါပြီ။မနက်စာဆိုလည်း သူစားစေချင်တာကိုပဲ
ခကြွေ အောင့်အည်းပြီးစားနေရသည်။ကျောင်းလေးသွားတာကို ကိုယ်ရံတော်တွေက ကားအရှေ့၌တစ်စီး
အနောက်၌တစ်စီးဖြင့် ကားနှစ်စီးနဲ့အပြည့်လိုက်ပါလာသည်။အာရုံစိုက်မခံချင်ပေမယ့် ဦးစျာန်လုပ်ပုံကြောင့် ခကြွေ မျှော်လင့်ချက်တွေဟာ
အိပ်မက်ထဲမှာတောင်အကုန်ပျောက်ရှနေခဲ့ချေပြီ။