12
Unicode
.
အလုပ်သွားဖို့အရေး ငယ့်နှုတ်ခမ်းနဲ့ပါး
နှစ်ဖက်ကိုစိတ်ကြိုက်သုံးဆောင်ရမှကျေနပ်တတ်တာဟိန်းမြတ်ရဲ့အကျင့်ဖြစ်သည်။ ဘယ်လောက်နမ်းရနမ်းရ
နမ်းမဝဖြစ်နေတာကလည်း ဝဋ်ကြွေးတစ်ခုလိုဖြစ်နေ၏။ငယ်ကတော့ထုံးစံအတိုင်းမျက်နှာမဲ့ရင်း
ဖြင့်မျက်စိစုံမှိတ်နေသည်။ ရင်ခွင်ထဲမြုပ်နေအောင်ထွေးဖက်လိုက်လျှင် ကိုယ့်ကို
ပြန်ဖက်တွယ်ထားခြင်းမရှိဘဲ ငြိမ်သက်နေသည်။ရံဖန်ရံခါ ကိုယ့်အင်္ကျီစကိုဆွဲဆုပ်ထားပုံက
အသည်းယားစရာဖြစ်သည်။"ငယ် ''
ကိုယ်လေးကိုဖက်ထားရင်းဖြင့်မေးဖျားမှဆွဲပင့်လ်ိုက်သည့်အခါ မျက်လုံးအသာဖွင့်လာပြီး ငုံ့မိုးကြည့်နေသောကိုယ့်ကိုမော့ကြည့်လာသည်။
"မုန့်ဖိုးမတောင်းတော့ဘူးလား''
ကျောင်းသွားခါနီးငယ့်ကို ကိုယ့်ဆီက
မုန့်ဖိုးတောင်းသည့်အကျင့်ရှိစေချင်သည်။
အသက်ကထက်ဝက်နီးပါးကွာနေတာကြောင့် ငယ်က ကိုယ့်အတွက် ကလေးလေးသာဖြစ်သည်။ငယ့်မိထွေးပြောသလို ငယ်ကလူဆိုးလေးဆိုလျှင် ကိုယ်က ကလေးဆိုးလေးလိုသဘောထားပြီးအလိုလိုက်အကြိုက်ဆောင်ပေးမည်။
မဟုတ်လို့ ငယ်ကအသည်းငယ်ပြီးသိမ်ငယ်တတ်တဲ့ကလေးဆိုလျှင် ကိုယ်က
ရင်ခွင်ထဲအချိန်ပြည့်ထွေးဖက်ထားမည်။"ငယ်''
အင်း အဲ မလုပ် ဘာစကားမှပြောမလာတဲ့ရင်ခွင်ထဲကကောင်လေးကို ဟိန်းမြတ်တစ်ခါထပ်ပြီးတိုးချလျနဲ့ခေါ်လိုက်သည်။
ထိုအခါမှ ငိုင်နေသည့်ကောင်လေးက
လူကိုပြန်ကြည့်လာ၏။ခရမ်းရောင်ရှပ်နဲ့ငယ်က ခရမ်းရောင်သစ်ခွပန်းကလေးနှင့်တူနေသည်။
ပါးမို့မို့လေးနှစ်ဖက်က ကိုယ့်ကြောင့်နီရဲနေပြီး နှုတ်ခမ်းပါးကလည်းကိုယ့်ကြောင့်
ရွှဲစိုနေသည်။"ကိုယ့်ကိုမနေ့ကလိုအော်ပါဦးလား''
"မ မအော်ပါဘူး''