🍁30🍁

5.5K 210 1
                                    

30

Unicode
Zawgyi
~~~~~

ရာဇနှင့်ပိုင်ပိုင် စေ့စပ်မည့်ရက်ဖြစ်သည်။

ပိုင်ပိုင့်အတွက် ဟိန်းမြတ်အလေးအနက်
ထားပြီး Daddyတို့နှင့်ပါဆွေးနွေးဖြစ်ခဲ့သည်။Daddyတို့ကလက်ခံသဖြင့်
ဟိန်း​မြတ်လည်းစေ့စပ်ပွဲကိုစီစဥ်လိုက်ခြင်းဖြစ်သည်။

ပိုင်ပိုင်ကားမိမိ၏မိသားစုဝင်ဖြစ်သွားပြီမို့
စေ့စပ်ပွဲကို ဟိန်းမြတ် မိမိအိမ်၌သာကျင်းပလိုက်သည်။

ဘဘတင်ကိုအဖြူရောင်တိုက်ပုံဝတ်စုံနှင့်သေချာပြင်ဆင်ပေးထားပြီး ဟိန်း​မြတ်လည်း အဖြူရောင်တိုက်ပုံနှင့်ဖြစ်၏။
ငယ်ကတော့ စတစ်ကော်လံပါအဖြူရောင်ရှပ်လက်ရှည်နှင့်ပုဆိုးကိုဝတ်ထားပြီး
သူ့မေမေကမူ မြန်မာပွဲတက်ဝတ်စုံနှင့်ဖြစ်သည်။

တစ်ဖက်ကလည်းရောက်လာပြီဖြစ်သဖြင့်
ပွဲကလူစုံနေပြီဖြစ်သည်။ ရာဇက
ခြေမသန်စွမ်းသည့်ညီမတစ်ယောက်ရှိပြီး
သူ့ညီမကိုလည်း wheelchair နဲ့တင်ကာခေါ်လာသည်။ သူ့မိဘနှစ်ဦးကလည်း
မြန်မာဝတ်စုံကိုကျက်သရေရှိကာဝတ်ဆင်လာသည်။

စေ့စပ်မည့်ကလေးနှစ်​ယောက်က
အဖြူရောင်ဆင်တူတိုက်ပုံကိုဝတ်ဆင်ထားသည်။ အထူးပြင်ဆင်ထားသည်မို့
ပိုင်ပိုင်ကခါတိုင်းနှင့်မတူ အကြည့်မလွှဲချင်စရာဖြစ်သည်။ ရာဇကလည်း ပုံမှန်ထက်များစွာပိုချောနေသည်။

ပွဲတွင် ဦးစျာန်နှင့်ဘဘတင်နှင့် ရာဇမိဘတို့ကအဓိကလူကြီးတွေဖြစ်ကြသဖြင့်
အလယ်ဆိုဖာတို့တွင်နေရာယူနေကြသည်။ ခကြွေနှင့်ဒေါ်ယွန်းစံနီကား ဘေးကဆိုဖာတွင်ဖြစ်ပြီး ရာဇ၏မသန်စွမ်းညီမကလည်း ခကြွေတို့နှင့်အတူရှိနေသည်။

ရာဇနှင့်ပိုင်ပိုင်ကတော့ လူကြီးအားလုံး၏
အလယ် ကော်ဇောခင်းထားသောကြမ်းပေါ်၌ယှဥ်တူထိုင်နေလေသည်။ ရာဇက
သူ၏အဖြူရောင်လေးကိုမျက်တောင်တစ်ချက်မျှမခတ်ဘဲ စိုက်ကြည့်နေသည်။

"လူကြီးတွေကြည့်နေတယ်ဗျ''

ဒီလောက်သိသ်ိသာသာကြည့်နေမှတော့
ပိုင်ပိုင်မျက်နှာပူလာပြီ။ ဒါ ပိုင်ပိုင်သိတဲ့
ရိုးသားဖြောင့်မတ်တဲ့အစ်ကိုရာဇမှန်းဟုတ်ရဲ့လား!

May(Complete)Where stories live. Discover now