🍁19🍁

5.4K 240 3
                                    

19

Unicode

.
.
ဒီတလော ဦးစျာန်မျက်နှာအရင်လိုလန်းဆန်းမနေသလိုဘဲ ခကြွေ ခံစားသိနေသည်။ ဦးစျာန်ပြုံးနေပေမယ့် ထိုအပြုံးဟာစိုးထိတ်မှုတစ်စုံတစ်ရာကိုဖုံးကွယ်ထားနေသလိုပါပဲ။

ခကြွေအရင်က ဘာသိဘာသာနေခဲ့တာကြောင့် ဦးစျာန်ဘာဖြစ်ဖြစ် ဘယ်လိုနေနေ
ခကြွေ မသိ။ ယခု ခကြွေ ဦးစျာန်အပေါ်
အလေးနက်ထားလာတာတစ်ပတ်ပင်
မပြည့်သေး။ ဦးစျာန်ပါးစပ်ကထုတ်မပြောတဲ့အပူတွေကိုတောင် ခကြွေမှာ ဦးစျာန်
မျက်နှာကနေ သိမြင်နိုင်လာပြီ။

ဦးစျာန်သူ့ကိုကြည့်တဲ့အကြည့်တွေထဲတွင်
ဝေးရမှာကြောက်နေသည့်အရိပ်တို့များစွာပါသည်။ သို့ကြောင့် သူနဲ့ပတ်သက်ပြီး
ဦးစျာန်တစ်ခုခုကိုဖုံးကွယ်ထားလိမ့်မယ်မှန်း ခကြွေသိသည်။

ခကြွေစွတ်အတင်းမေးလိုက်ရင် ဦးစျာန် ကဖြေလိမ့်မည်။သို့သော် ခကြွေ ဦးစျာန်ကိုအချိန်တစ်ခုအရင်ပေးသင့်သည်။
တစ်ပတ်ကျော်သည်အထိ ဦးစျာန်အခြေနေကိုစောင့်ကြည့်ပြီးမှခကြွေ မေးသင့်ရင်မေးတော့မည်။

ယခုတော့ မျက်နှာဖုံးနှင့် ဖြိုးမာန်ကို ဘယ်လို သင်ခန်းစာပေးသင့်သလဲပဲ
ခကြွေ အရင်စဥ်းစားနေသည်။ ကျောင်းကိုရောက်နေပြီဖြစ်ပေမယ့် ခကြွေလက်ကိုဦးစျာန်ကမလွှတ်ပေးသေးတာကြောင့်
ခကြွေလည်း ငြိမ်နေရသည်။

သူ့လက်ကိုကျစ်နေအောင်ဆုပ်ကိုင်ထားတဲ့ဦးစျာန်လက်ဖဝါးကြီးအား ခကြွေ
တစ်ချက်ငေးကြည့်မိသွားသည်။သွေးကြောတွေထင်းနေခြင်းမှာ သည်တွဲလက်နှစ်ဖက်မခိုင်မှာကို စိုးနေသည့်အတိုင်း။

"ကျောင်းဆင်းရင်ကိုယ်လာကြိုမယ် ငယ်''

အပြုံးဖွဖွနှင့်ပြောလာသောဦးစျာန်ကို
ခကြွေခေါင်းညိတ်ပြရင်း

"အလုပ်မှာဂရုစိုက်ပါ ဦးစျာန်
ငယ့်ကိုမစိုးရိမ်ပါနဲ့ ငယ့်ရန်သူကိုငယ်ကိုယ်တိုင် ကောင်းကောင်းကိုင်တွယ်နိုင်တယ်''

ငယ်ရဲ့မာန်အပြည့်ပါတဲ့စကားကြောင့်
ဟိန်းမြတ်နှုတ်ခမ်းကော့ညွတ်သည်အထိ
ပြုံးမိတော့သည်။ အနမ်းလေးပေးဖို့ခေါင်းစောင်းလိုက်သည့်အခါ ငယ်ကအလိုက်
သင့် မျက်လုံးမှိတ်လာသည်။ ထိုအခါ
အနမ်းက မွတ်မွတ်သိပ်သိပ်နှင့်ပိုချိုမြိန်သွား၏။

May(Complete)Where stories live. Discover now