Part - 4⚡

15.8K 823 10
                                    

🔹Unicode🔹

နေ့လည်ထမင်းစားဆင်းတော့ သူငယ်ချင်းနှစ်ယောက်နဲ့ Canteenထိုင်နေတုန်း 10တန်းအကိုတစ်ယောက်က ကျောင်းအုပ်ကြီးက ရုံးခန်းလာခိုင်းတယ်ဆိုလို့ အတော်ရင်တုန်သွားသည်။ဥက္ကာများ သူ့ကိုထိုးလိုက်တယ်ဆိုပြီးတိုင်လိုက်သလား။ဒါပေမယ့် ပြဿနာဖြစ်တာက အပြင်ကျူရှင်မှာဆိုတော့ မဆိုင်ဘူးဆိုတဲ့စိတ်နဲ့ တင်းလာခဲ့ခြင်းဖြစ်သည်။ဒါတောင် ဟိုမအေဘေးနှစ်ကောင်က ထင် မင်းကျောင်းထုတ်ခံရတော့မလားမသိဘူးလို့ ရွှတ်နောက်နောက်နဲ့ပြောလို့ ဆဲခဲ့လိုက်ရသေးသည်။

'ဒေါက် ဒေါက်'

"၀င်ခဲ့"

"ဪ သားလာလေ"

"ဟုတ်ကဲ့ ဆရာမကြီး"

"ဒီက ဦးသက်ဘုန်းနိုင်က သားနဲ့တွေ့ချင်တယ်ဆိုလို့ပါ"

"ဟင် ဟိုလူကြီး ကျွန်တော် ဒီကျောင်းတတ်တာ ဘယ်လိုသိတာလဲ"

"ဟဲ့ သား လူကြီးကိုဘယ်လိုပြောလိုက်တာလဲ"

"ရပါတယ် ဒေါ်မိမိ ဆိုတော့ခင်ဗျားရုံးခန်းကို ကျွန်တော် ခဏအသုံးပြုလို့ရမလား"

"ရပါတယ် ဦးသက်ဘုန်းနိုင် ပြောနေစရာကိုမလိုပါဘူးရှင်"

"Ok"

ပြောရင်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်မို့ ကျောင်းအုပ်ကြီးလဲ အခန်းထဲမှ အလိုက်သတိထွက်သွားသည်။

"ထိုင်လေ သည်းငယ်"

"ကျွန်တော့်နာမည် ထင်!"

"အာ...ဟုတ်ပါပြီ ကိုယ့်အမှားပါ ကိုယ်တောင်းပန်ပါတယ် ထင်လေး ထိုင်ပါအုံး"

ထင်လဲ ဦးသက်ဘုန်းနိုင်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။

"ဘယ်လိုလုပ် ကျွန်တော်တက်တဲ့ကျောင်းကို သိတာလဲ"

"ကိုယ့်အတွက် ဒီလောက်ကိစ္စလေးက အတော်ခက်ခဲမယ်ထင်လို့လား သည်းငယ် အမ်း အဟမ်း ထင်လေး"

ထုံးစံအတိုင်း မျက်စောင်းလေးက ဒိုင်းခနဲရောက်လာသည်မို့ လူတိုင်းမော်မကြည့်ရဲတဲ့ ဦးသက်ဘုန်းနိုင်ဆိုသူစစ်စစ်ကြီးမှ ချောင်းတစ်ချက်ဟန့်ပြီး ချက်ချင်းပြန်ပြင်ခေါ်လိုက်သည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now