Part - 26⚡

10.5K 539 41
                                    

🔹Unicode🔹

"ငါကတော့ ဒီစာရင်းကိုသဘက်ခါအပြီးလိုချင်တယ်"

"ဟုတ်ကဲ့ပါ Boss ဒါဆို..."

"ဦး..."

"ဗျား...သည်းငယ်လေး"

ထင်တစ်ယောက်ခြေထောက်ခေါက်လဲပြီးကထဲက ကျောင်းမသွားဘဲ ဦးသက်ဘုန်းနိုင်အနားသာ ကပ်ချွဲနေတော့သည်။ဒါမျိုးဆို ဦးသက်ဘုန်းနိုင်တို့ကလဲ အလုပ်ကိုအိမ်မှာယူလုပ်သည်။ဘယ်သွားသွားထင့်ကိုသူကိုယ်တိုင်ပွေ့ချီပို့သည်။ကြားထဲက အလုပ်ရှုပ်ရသူကတော့ Companyသွားလိုက် အိမ်မှာလာဆွေးနွေးလိုက် အလုပ်တွေမှာသွားစစ်လိုက်ဖြင့်  မင်းပိုင်သာ။

"ဦးလို့"

"ဗျာ ဗျ ဘာလိုလို့လဲ သည်းငယ်ရဲ့ ဦးကိုပြောလေ ဘာစားချင်တာရှိလို့လဲ"

"ထိုင်ရတာ ညောင်းလာပြီ အိပ်ချင်တယ်"

"ဟုတ်လား ဒါဆိုဦးအခန်းထဲပို့ပေးရမလားဟင်"

"ဟုတ်ဘူး ဦးရင်ခွင်ထဲအိပ်ချင်တာ"

"သည်းငယ်လေးက ဦးရင်ခွင်ထဒမှာ အိပ်ချင်တာလား"

"အွန်း ဘာလဲ ဦးကမအိပ်ခိုင်းချင်ဘူးလား ပြော"

နှုတ်ခမ်း‌လေးဆူပြီး ချွဲပြောနေပုံလေးက ရန်သူပါလက်နက်ချလောက်သည်။ဦးသက်ဘုန်းနိုင်လဲ ထင့်ပါးလေးကို ဖြစ်ညှစ်လိုက်ပြီး

"တစ်သက်လုံးအိပ်မယ်ဆိုရင်တော့ ဦးက၀မ်းပမ်းတသာပါပဲဗျာ အခန်းထဲကအိပ်ရာကိုတောင် တစ်ယောက်အိပ်ကုတင်ပြောင်းမှထင်တယ် အမြဲတမ်းရင်ခွင်ထဲထည့်အိပ်ချင်လို့"

"ဟွန့် ပိုကိုပိုတယ်"

"လိုသေးတာမှ အများကြီးပဲ ထုတ်ပါလိုက်ရင် သည်းငယ်လေး တဝိုးဝိုးတဝါးဝါးတောင် ဖြစ်သွားအုံးမယ်"

ဦးသက်ဘုန်းနိုင်ကထင့်ကိုဇွတ်အတင်းလက်ထပ်ထားမှန်းသိတဲ့ မင်းပိုင်ကတော့ လက်ရှိအခြေအနေနဲ့ အတော်မရင်းနှီးပေ။နှစ်ယောက်သားပြောစကားများကိုနားထောင်ပြီး လူကကြက်သီးတောင် ထချင်သည်။အမောင်ထင်ကလဲ ခုများတော့အရူးအမဲသားကျွေးသလို တစ်ဦးထဲ ဦးနေသည်။ဘေးကဆရာကလဲ သကြားမျက်နှာကြီးပေါ် တကာရည်လောင်းထားသလိုပင်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now