Part - 12⚡

11K 606 16
                                    

🔹Unicode🔹

'Hello သည်းငယ်'

'ဦး ဘာလို့နောက်ကျနေတာလဲ ကျွန်တော်စောင့်နေတာ15မိနစ်လောက်ရှိပြီ'

'ဦးက တစ်နေကုန်လျှောက်လည်မှာဆိုတော့ သည်းငယ်စားတတ်တာလေးတွေ လုပ်ခိုင်းနေလို့ပါ ခုသည်းငယ်တို့လမ်းရောက်တော့မယ်နော်'

'ဟုတ် ဒါဆိုကျွန်တော် ခြံပြင်ထွင်စောင့်နေမယ်နော် ဖြည်းဖြည်းမောင်းအုံး ဦး'

'ရတယ် သည်းငယ် အိမ်ထဲကပဲစောင့်'

ဦးက အိမ်ထဲကစောင့်ဖို့ပြောပေမယ့် ကြာနေမှာဆိုးလို့ ခြံပြင်သာထွက်စောင့်လိုက်သည်။10တန်းစာမေးပွဲကြီးဖြေပြီးကထဲက ဦးနဲ့အတော်လေးအပြင်သွားဖြစ်သည်။ဦးနဲ့3ခါလောက်အပြင်ရောက်မှဟို2ကောင်နဲ့ 1ခေါက်ရောက်တော့ ဆဲကြတာမှ ၀က်၀က်ကွဲပင်။ပြီးတော့ ဖုန်းလဲပြန်ရနေပြီမို့ အပြင်သွားတိုင်း ဦးကကျွန်တော့်ရဲ့ personal cameramanဖြစ်သည်။ပုံတင်ရင်လဲ Camera by ဘာညာဆိုပြီး သူ့ကိုmentionခေါ် ‘ဦး’ ပါထည့်မှ ကျေနပ်လေသည်။အဲ့အချိန်ဆို မြတ်မှူးနဲ့ဝေလျှံတို့က mentionခေါ်ပြီး ဆဲကြသည်။ကျွန်တော်ကလဲ ငြိမ်ခံတတ်တဲ့ကောင်မဟုတ်တော့ publishမရှောင် အချင်းချင်းဆဲတာ အကျင့်တောင်ဖြစ်နေပြီ။

"ဪ သည်းငယ် အိမ်ထဲကစောင့်ပါဆို "

"ကြာနေမယ်ဆိုးလို့ ဟီး"

"ဟုတ်ပါပြီ တက်"

ကားပေါ်ကဆင်းပြီး ကိုယ်တိုင်ကိုယ်ကျတံခါးလာဖွင့်ပေးသည့် ဦး။သူကကျွန်တော်နဲ့ပတ်သတ်ရင် အစအဆုံးလိုက်လုပ်ပေးချင်တဲ့လူမျိုးမဟုတ်လား။ကျွန်တော်ကလဲ ဦးကြောင့် ဘာမှမလုပ်ချင်တော့တာ အတော်လေးကိုအကျင့်ပါနေပြီဖြစ်သည်။

"ဦး ချိုင့်တွေခြင်းတွေက များလိုက်တာ ဘာတွေလဲ"

"နေ့လည်စာ ထမင်းနဲ့ဟင်း ပြီးတော့ သည်းငယ်စားဖို့ seafood pizzaကို Cheese များများနဲ့ ပြီးတော့ chocolate cake  ပြီးတော့ အာလူးကိုအပြားလေးတွေ ဟိုဘက်ဒီဘက်ဖောက်မြင်လောက်တဲ့ထိပါးအောင်လုပ်ပြီး ကြွပ်ကြွပ်လေးကြော် ပြီးတော့ KFC style ကြက်ကြော်milk tea Colaနဲ့ ရေလဲအပူအအေးနှစ်ခုလုံးထည့်လာတယ်"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now