Part - 25⚡

10.6K 548 29
                                    

🔹Unicode🔹

'ဘုန်း'

"အ့"

ဦးသက်ဘုန်းနိုင် ထင့်ကိုပုခုံး‌ပေါ်မှကုတင်ပေါ်သို့ ပစ်ချလိုက်သည်။

"သည်းငယ် မင်း ဦးမရှိဘူးဆိုတာနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာလား"

"ကျွန်တော်က ဘာလုပ်လို့လဲ ခင်ဗျားသာ သူစိမ်းအမျိုးသမီးနဲ့ညအိပ်ခရီးတွေတောင်သွားနေတာမို့လား"

"တူလားလို့ သည်းငယ် ဦးတို့သွားတာလဲ အလုပ်ကိစ္စနဲ့ ပြီးတော့သည်းငယ်နဲ့ဦး လက်ထပ်ထားတာ မေလဲသိတာပဲ"

"ကိုခန့်လဲ သိတာပဲလေ ခင်ဗျားက ဘာဖြစ်နေတာလဲ ခင်ဗျားတို့ကမှ အဖိုအမဓာတ်ရှိသေးတယ် ကျွန်တော်တို့ နှစ်ယောက်လုံးကယောက်ျားသားတွေကြည့်ပဲ"

"သူ သည်းငယ်ကို အရမ်းကပ်နေတာတွေ ဦးမကြိုက်လို့ ပြောနေတာ"

"ဒါဆို မဇူးဇူးမေကရော ခင်ဗျားကို ကိုကြီး ကိုကြီး ကိုကြီး ကိုကြီးနဲ့ဖြစ်နေတာကို အတော်နား၀င်ချိုနေတယ်ပေါ့ ခင်ဗျားတို့လို ယောက်ျားတွေကလဲ အဲ့လိုမိန်းမကိုမှ ပိုကောင်းလှပြီထင်နေပုံပဲ"

"ထင်! မင်းအတော်လွန်သွားပြီ ငါမင်းကိုမနက်ကတင် အဲ့အကြောင်းကို ရှင်းပြခဲ့ပြီးပြီမို့လား မင်းကဘယ်လိုလဲ မိန်းကလေးတစ်ယောက်ကို လိုက်ပုတ်ခတ်ပြောဆိုရတာကို အတော်ကြိုက်ပုံပဲ မင်းလုပ်နေ ပြုမူပြောဆိုနေတာကရွဲ့တာဆိုးတာမဟုတ်ဘူးနော် ထင် အဲ့တာကို ဆိုးတာလို့မခေါ်ဘူး ရောင့်တက်တယ်လို့ခေါ်တယ် ပြီးတော့ မင်းငါ့အချစ်ကို မတုံ့ပြန်နိုင်ရင်နေပါ လက်မခံနိုင်ရင်နေပါ မစော်ကားပါနဲ့ ချမနင်းပါနဲ့ ငါချစ်တာကို အေးအေးဆေးဆေးအရိပ်ထဲကနေပြီး ပြည့်ပြည့်စုံစုံလိုတရဘ၀နဲ့ အချစ်ခံရုံလေးပဲနေရင် ငါ့အတွက်အတော်လုံလောက်ပါပြီ ခုဟာကတစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် နေ့တိုင်းရဲ့အချိန်တိုင်း ငါနဲ့မေကို မဟုတ်ဘူး ဇူးဇူးမေကိုသမုတ်နေတာ မင်းကအဲ့လိုမှကျေနပ်တာလား မင်းအမေပြောသလိုငါကအိမ်ထောင်ဦးစီးတဲ့ ထားပါတော့ မင်းလဲယောက်ျားတစ်ယောက်ပါပဲဒါ‌ပေမယ့်အိမ်ထောင်ဘက်အချင်းချင်းလေးစားမှုတော့ ရှိရမယ် မလား"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now