Part - 31⚡

11.9K 436 14
                                    

🔹Unicode🔹

"သည်းငယ်!"

"ဟင်"

ဦးသက်ဘုန်းနိုင်တစ်ယောက် ထင့်အနားသို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာလေသည်။

"ဟင် ဦး နေ့လည်ကြီး ဘယ်လိုရောက်လာတာလဲ"

"ပြန်မယ်"

"အဲ့ဆို ဦး ကားပေါ်က ခဏစောင့်..."

"ခုပြန်မယ်!"

"ညီလေး စိတ်ချပါ အကိုထိန်းထားပေးမှာမို့ ကိုယ့်ကျောင်းစာကိုသာ ဂရုစိုက်ပါ"

"ဟုတ် ကျေးဇူးပါ အကို"

"ဒါကို အကို့ကို ခွင့်ပြုအုံး"

"ဟုတ် အကို"

ထင်တစ်ယောက် ဦးသက်ဘုန်းနိုင်ကိုမဲ့ရွဲ့ကာ ခြေကိုဆောင့်၍ ရှေ့ကနေဦးအောင်ထွက်သွားလေသည်။

"သည်းငယ် အစောကကောင်က ဘယ်သူလဲ"

"..."

"သည်းငယ်လို့"

"..."

"သည်းငယ် ဦးမေးနေတယ်လေ အစောကကောင်က ဘယ်သူလဲလို့"

"ဒီရက်ပိုင်း ဦး ဘာဖြစ်နေတာလဲ ကျွန်တော့်ဆိုရင် မယုံသလို မသင်္ကာသလိုနဲ့"

"သည်းငယ် ဟုတ်ရင်ပြောလေ"

"အဲ့တာ ဝေလျှံသဘောကျနေတယ်ဆိုတဲ့ ကောင်လေးလေ ကျော်၀ဏ္ဏာဟိဏ်းဆိုတာ ဦးသိပြီးသားမို့လား"

"ဟင် ဟုတ်လို့လား"

"မယုံတာလား"

"ဦးကြားမိတာကတော့ မလှိုင်ကဆိုပြီးတော့ကျောင်းသားတဲ့ ဒီကိုဘာလာလုပ်တာလဲ"

"ဦး ဘာလို့သူများကိစ္စကိုအဲ့လောက်စိတ်၀င်စားနေတာလဲ"

"ဦးက သူများကိစ္စကို စိတ်၀င်စားတာ မဟုတ်ပါဘူး သည်းငယ်နဲ့စကားပြောတဲ့ကောင်အကြောင်းကို စိတ်၀င်စားတာပါ"

"အဲ့ကောင်လေး ခု10တန်း ဟုတ်တယ် ဒါပေမယ့်သူကဝေလျှံ့ကို ဟိုးlong long ago 7တန်းကျောင်းသားဘ၀ကထဲက ကြိုက်တာတဲ့ အဲ့တာခန့်သူရမောင်က ဝေလျှံ့ကိုကြိုက်တာသိတော့ ထိန်းပေးထားဖို့လာပြောတာ ကဲ ဘာသိချင်သေးလဲ"

"အဲ့အကြောင်းလေး ပြောဖို့သည်းငယ်နဲ့လာတွေ့တဲ့ထိလို..."

ထင်မျက်စောင်းတစ်ချက် ဒိုင်ခနဲထိုးလိုက်သည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now