Part - 11⚡

11.3K 636 12
                                    

🔹Unicode🔹

"ဒီကိစ္စက ဦးပရောဂမကင်းဘူးဆိုတာ ကျွန်တော်သိတယ်"

"ဘာကိုလဲ သည်းငယ်"

"မြတ်လေး ကျောင်းပြောင်းသွားတဲ့ ကိစ္စ"

"မြတ်လေး ဟုတ်လား သည်းငယ် မြတ်လေးဆိုတာ ဘယ်သူလဲ"

မြတ်သဒ္ဓါပြောင်းသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး နေ့ခင်းကိုတောင် ကျောင်းဆက်မတက်ပဲ ဦးသက်ဘုန်းနိုင်ရုံးခန်းအထိ လိုက်လာပြီး သောင်းကျန်းနေတဲ့ ကလေးငယ်ပုံစံက နာကျင်စေတာအမှန်ပါ။

"မြတ်သဒ္ဓါလေ မသိချင်ယောင်မဆောင်ပါနဲ့ ဦးသက်ဘုန်းနိုင် မြတ်လေးက ကျွန်တော်ချစ်နေတဲ့ကောင်မလေးဆိုတာကိုသိလို့ ခင်ဗျားအဝေးကိုရိုက်ထုတ်ပစ်တာမလား"

*ဦးလို့တောင် ‌မခေါ်ချင်တော့ဘူးလား သည်းငယ် ဦးသည်းငယ်ကို သိပ်ချစ်တယ်ဆိုတာ မသိဘူးလားသည်းငယ် အခြားမိန်းကလေးတစ်ယောက်ကို ချစ်နေတာသိခဲ့တဲ့ ကိုယ်က အကြိမ်ကြိမ်သေနေပြီးသားပါ သည်းငယ်စကားလုံးတွေနဲ့ ထပ်မသတ်ပါနဲ့တော့ကွာ ဦးနှလုံးသားတစ်ခုလုံးဆွဲထုတ်ခံရသလို နာကျင်လို့ပါ*

"မဟုတ်တာ သည်းငယ် ဦးဘာမှမသိရပါလား ဦးတောင်ဒီနေ့မှ ခရီးကပြန်ရောက်လို့ သည်းငယ်ကိုတောင် လာမတွေ့နိုင်သေးတာ သည်းငယ်အသိပဲလေ"

လို့ပြောလိုက်တော့ တွေတွေလေးဖြစ်သွားတဲ့ ကလေးငယ်က အကြာကြီးစဉ်စားပြီးမှ

"တောင်းပန်ပါတယ်ဦး ကျွန်တော် အတွေးလွန်သွားတယ် ကိုယ်ချစ်တဲ့သူတစ်ယောက် အနားကရုတ်တရက်ထွက်သွားတော့ စိတ်ထဲတစ်မျိုးဖြစ်သွားလို့ပါ"

ပြောပြီး အခန်းထဲက အရာရာကိုအရှုံးပေးလိုက်တဲ့ပုံစံနဲ့ အေးတိအေးစက်ထွက်သွားတဲ့ စွာစိလေးရဲ့ ပြောင်းလဲမှုက လူကိုနာကျင်စေတယ်ဆိုပေမယ့် ကြိုတင်တွက်ထားသလို ရောက်ကထဲကသူ့ကိုသွားမတွေ့ဘဲ ဟိုမှာပဲအလုပ်ရှုပ်နေသလို နေခဲ့တာက သည်းငယ်မုန်းမှာ စိတ်နာမှာကို ကာကွယ်ပြီးသားဖြစ်နေလို့နေသည်။

*စိတ်ချပါ သည်းငယ် အခုချိန် ခဏခံစားလိုက်ပါ ဦးကပျော်အောင်ထားပေးမှာမို့ ခုတော့ခဏပဲ ၀မ်းနည်းလိုက်ပါ*

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now