Part - 17⚡

13.9K 552 2
                                    

🔹U‌nicode🔹

"အား ကျွတ် ကျွတ်"

ထင်တစ်ယောက် နိုးလာတော့ ထိုးကိုက်နေသော နားထင်ကို လက်ဖြင့်ဖိချေ၍ သည်းညူမိသည်။

*ငါ ဘယ်ရောက်နေတာလဲ ဒါဦးအိမ်လဲမဟုတ်ပါဘူး*

ဘယ်လိုပဲ စဉ်းစားစဉ်းစား ညကDinnerမှာမူး‌နေတဲ့နောက် ဘာမှမမှတ်မိတော့။ထို့နောက်၀တ်ထားသော အင်္ကျီများကလဲ ညကအတိုင်းမဟုတ်တာကို သတိထားမိသွားသည်။

*ငါ ညကမူးပြီး ၀န်ထမ်းတစ်ယောက်ယောက်အပေါ်ကျူးလွန်မိလား ဒါဆို ဒါကHotelလား*

ရုတ်တရက်အမြန်ထလိုက်တော့ အောက်ပိုင်းတစ်နေရာက အရိုးထဲထိစိမ့်အောင် စူးအောင့်မှုက အရှိန်အဟုန်ဖြင့် နာကျင်ခံစားရသည်။

"အ့!"

"သည်းငယ် နာသွားလား ဖြည်းဖြည်းထနော် ဦးအလုပ်ထဲ စိတ်ရောက်သွားလို့ သည်းငယ်နိုးတာကို မသိလိုက်ဘူး"

အစောက လှဲနေတာမို့ သတိမထားမိသော်လည်း ထတဲ့အချိန်နာကျင်မှုကြောင့် အော်လိုက်တဲ့အသံကြား၍ ကုတင်နဲ့အနည်းငယ်လှမ်းတဲ့Sofaပေါ်မှာ laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဦးသက်ဘုန်းနိုင်က အပြေးအလွှားရောက်လာသည်။

ထင်ကတော့ ဘာမှပြန်မပြော စိုးရိမ်ခြင်း၊မယုံကြည်နိုင်ခြင်း မျက်လုံးများဖြင့် ဦးသက်ဘုန်းနိုင်ကို ကြည့်‌နေသည်။

"ဦး"

"ဗျာ သည်းငယ် ပြောလေ"

"မဟုတ်ဘူးမလား ဦး မဟုတ်ဘူးမလားဟင် ကျွန်တော်ထင်သလိုမဟုတ်ဘူးမလား ဟင်လို့"

"ဦး တောင်းပန်ပါတယ် သည်းငယ် ဦး အမှားပါ"

ထင်တစ်ယောက် ခန္ဓာကိုယ်က နာကျင်မှုထက် ရင်ထဲကနာကျင်မှုကြောင့် အောက်နှုတ်ခမ်းကို တင်းတင်းဖိကိုက်ရင်း မျက်ရည်စများကျလာသည်။

*ငါက ယောက်ျားတစ်ယောက်နဲ့ မှားယွင်းခဲ့တာလား*

"သည်းငယ် မငိုပါနဲ့ ဦးရင်တွေနာလို့ပါ မျက်ရည်တွေမကျပါနဲ့နော် ဦးတောင်းပန်ပါတယ်"

ထင့်မျက်ရည်စများကို ပါးပေါ်မရောက်မီ လက်နဲ့နူးနူးညံ့ညံ့အမြန်သုတ်ဖယ်ပေးလိုက်သည်။

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now