Part - 29⚡

10.2K 466 12
                                    

🔹Unicode🔹

'Helloမြတ်မှူး'

'အေး ထင်ပြော'

'မနက်ဖြန်ဘာအစီအစဉ်ရှိလဲ'

'မနက်ဖြန်က သင်္ကြန်အတတ်နေ့ နောက်ဆုံးဘိတ် အိတ်နဲ့လွယ် ရှယ်ကဲရမှာပေါ့ဟ ငါတို့ကတော့ နေရာစုံကားနဲ့လည်ဖို့ စိတ်ကူးထားတယ် ကျုံးတော့ညပိုင်းမှသွားမလို့'

'မနက်ဘယ်အချိန်လဲ'

'6နာရီ'

'ဒါမျိုးကျနိုးတယ်နော်'

'ဟ. ဒါမျိုးဆို ပိုင်မြတ်မှူးခန့်တို့က တက်ကြွတဲ့ကြက်ဖကြီးပဲ ပြီးတော့ ကိုကို့ကိုလဲ ဇွတ်ဂျီကျထားတာ လိုက်ခဲ့ဖို့'

'အေး ဒါဆို မနက်ကျငါ့ကို၀င်ခေါ်လှည့်'

'ဘာရယ် ဘာရယ် တကယ်ကြီးလား သင်္ကြန်တစ်တွင်းလုံး ဇွတ်ခေါ်တာတောင် မလိုက်ဘဲလင်အနားတောက်တဲ့လိုကပ်နေတဲ့ကောင်က'

'ခုမတူတော့ဘူးကွာ လာခေါ်လှည့် ဒါပဲ'

ထင်တစ်ယောက် အတော်စိတ်ပေါက်နေတာသည်။ကိုယ်ကတော့ချစ်လိုက်ရတာ သင်္ကြန်ကိုတောင် လူငယ်လေးဖြစ်ပါလျက် မလည်ပါဘဲ Treasure Groupရဲ့ ရေကစားမဏ္ဍိုပ်မှာ ဦးသက်ဘုန်းနိုင်နဲ့သာ ကုန်ဆုံးခဲ့သည်။

ပြဿနာက ဒီနေ့နေ့လည်ကိုယ်ကလဲ ဗိုက်ဆာလာသည်မို့ စတုဒိသာဒံပေါက်လေးကျွေးတာ ဦးယူပေးပါလား ဆိုတာကိုသွားတော့ယူပေးပါရဲ့။ဒါပေမယ့် လမ်းမှာအမျိုးသမီးတစ်ယောက်က ထင့်အတွက်ယူလာတဲ့ဘူးကို ကြားဖြတ်ယူသွားလေသည်။ဟိုလူကြီးကလဲ တစ်ချက်တောင် မငြင်းပေ။အဲ့အမျိုးသမီးလက်ထဲထည့်ပြီးတော့မှ ထင့်အတွက်ပြန်ယူပေးသည်။

အဓိကကတော့ ကိုယ့်ထက်သူများကို ဦးစားပေးလိုက်ခြင်းကြောင့် မနက်ဖြန်တော့ သူငယ်ချင်းတွေနဲ့အပြတ်ကို လည်ပစ်ပြီး လက်စားချေပစ်မည်။ထင်တဲ့ တစ်ထင်ထဲရှိတယ် ဘာမှတ်လဲ။

"သည်းငယ် သည်းငယ်"

"ဟင်"

"ဘာတွေစဉ်းစားနေတာလဲ
ဪ သိပြီ သိပြီ ဦးကိုချစ်တဲ့အကြောင်းတွေ ဟုတ်တယ်မလား"

"ဟွန့် ဟုတ်ပါတယ်‌"

"ဒါပဲလေ သက်ဘုန်းနိုင်ပါဆို အကုန်သိ"

Only For Me [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now